(၄၈)

5.1K 686 15
                                    

Unicode



" ရွှီကျားလဲ့၊ မင်္ဂလာ နံနက်ခင်းပါ "

ရွှီကျားလဲ့ တံခါးဖွင့်လိုက်သည်နှင့် နေကာမျက်မှန်နှင့် ဖုရှောင်ယွီကို တွေ့လိုက်ရသည်။ အိုမီဂါသည် လက်ထဲတွင် အိတ်တအိတ်ကို ကိုင်မြှောက်ထားပြီး သူ့ကို ပြုံးရွှင်စွာဖြင့် ကြည့်နေ၏။

" ကျွန်တော် မနက်စာ ပါလာတယ်၊ ခင်ဗျားကော သက်သာပြီလား "

ရွှီကျားလဲ့၊ မင်္ဂလာ နံနက်ခင်းပါ တဲ့လား။

ကောင်းကွာ။

ရွှီကျားလဲ့သည် တံခါးဘောင်ကို မှီထားရင်းက သူ့ စိတ်ထဲတွင် ထပ်ခါတလဲလဲ ကျင့်ထားသည့် စကားတခွန်းကို လေသံအက်အက်ဖြင့် ပြောလိုက်သည်။

" မနေ့ကထက် ပိုကောင်းလာပြီ "

ဖုရှောင်ယွီကို ကြိုဆိုနေသည့်အလား သူ့ အခန်းထဲတွင် နံနက်ခင်းနေရောင်ခြည်ကလည်း နွေးထွေးစွာ တောက်ပလို့နေသည်။

" မင်း ဘာပါလာတာလဲ၊ အရွက်သုပ်တော့ မဟုတ်ဘူးလား "

ရွှီကျားလဲ့သည် ဖုရှောင်ယွီ အနောက်ကနေ လိုက်လာရင်းက အိတ်နှစ်လုံးကို ပြုံး၍ ကြည့်ကာ တမင် စနောက်ပြီး မေးနေလိုက်သေးသည်။

" ပုစွန်ဖက်ထုပ်နဲ့ ထမင်းလိပ် "

ဖုရှောင်ယွီက နေကာမျက်မှန်ကို ခေါင်းပေါ်တင်လိုက်ပြီး ထမင်းစား စားပွဲပေါ် အိတ်ကို သေသေချာချာ ချထားလိုက်သည်။

" ဆန်ပြုတ်လည်း ပါတယ်၊ ဆလတ်ရွက်လည်း ရေနွေးဖျောပြီး ထည့်လာပေးတယ်၊ ဒါနဲ့၊ ရွှီကျားလဲ့ ခင်ဗျား ကန်တုန်း မနက်အစာမျိုး ကြိုက်လား "

ရွှီကျားလဲ့သည် ထိုအမေးကို အပြုအမူဖြင့် ပြန်ဖြေဖို့ ဆုံးဖြတ်လိုက်သည်။

သူသည် စားပွဲတွင် ဝင်ထိုင်လိုက်ပြီး ပုစွန်ဖက်ထုပ်နှင့် ထမင်းလိပ်ကို တုံ့ဆိုင်းမှုမရှိ အလွန်လျင်မြန်သည့် အရှိန်ဖြင့် ကောက်စားပြလိုက်၏။

" ကိုယ်က အရမ်း အစားကြီးတာနော်၊ မလောက်မှာတောင် စိုးရတယ် "

ဖုရှောင်ယွီက ရွှီကျားလဲ့၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး သို့ကလို အားရပါးရ စားနေသည်ကို မြင်သည်တွင် သူ့ အမူအရာက အရမ်းပျော်သွားပုံရသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now