(၁၆)

4.8K 658 12
                                    

Unicode



" ဟေး "

ဖုရှောင်ယွီသည် ညလေ ခပ်ကြမ်းကြမ်းထဲ ရပ်နေစဥ် သူ့နောက်မှ လှမ်းခေါ်သံကို ရုတ်တရက် ကြားလိုက်ရ၏။

" ဖုရှောင်ယွီ၊ မင်း အဲ့မှာ ရပ်ပြီး ဘာလုပ်နေတာလဲ "

သူ့မှာ ခဏမျှ ထိတ်လန့်သွားရပြီး လှည့်ကြည့်လိုက်သည့်အခါ ဖိုင်တွဲတခု ကိုင်ထားသည့် ရွှီကျားလဲ့ကို တွေ့လိုက်ရသည်။

ထိုသူသည် ထူးထူးဆန်းဆန်း ပုံံံစံဖြင့် ရပ်ပြီး သူ့ကို ကြည့်နေသည်။ နောက်မှ ရွှီကျားလဲ့တင်မက သူကိုယ်တိုင်ပါ ထူးဆန်းသည့် ပုံစံဖြင့် ရပ်နေမိတာဖြစ်ကြောင်း သတိထားမိတော့သည်။

သူ အောက်ထပ်ကို ရောက်ရောက်ခြင်း အက်ပ်ထဲဝင်ပြီး အငှားတက္ကစီခေါ်သည်။ သို့သော်လည်း အတော်ကြာ ကြိုးစားပြီးသည်အထိ ငှားမရသောကြောင့် စိတ်မရှည်ဖြစ်လာပြီး အလှပန်းပင်စိုက်ထားသည့် အုတ်ခုံပေါ် တက်ကာ ကြောင်စီစီနှင့် ရပ်နေမိခြင်းပင်။

" ငါတို့တွေ နည်းနည်းပါးပါး သွားသောက်ကြမလား "

ဖုရှောင်ယွီဘက်မှ တုံ့ပြန်မှု မရသည့်တိုင် ရွှီကျားလဲ့က စိတ်ပျက်သွားဟန်မရှိဘဲ ဆက်ပြောနေ၏။

ဖုရှောင်ယွီသည် ယခုထိတိုင် အုတ်ခုံပေါ် မတ်တပ်ရပ်နေဆဲဖြစ်ပြီး ရွှီကျားလဲ့ကို ကြည့်နေသည်။ ခဏကြာမှ တဖက်သို့ ပြန်လှည့်သွားကာ

" ရွှီကျားလဲ့၊ ကျွန်တော့်အတွက် ဘယ်သူ့ဆီကမှ နှစ်သိမ့်မှု မလိုဘူး "

သူသည် သို့နှယ် ခပ်ဘွင်းဘွင်းပင် ပြောလိုက်၏။

သို့သော်လည်း ဘာကြောင့်ရယ်မသိ ရွှီကျားလဲ့သည် သူ့ကို ပြုံးတုံ့တုံ့ဖြင့် ကြည့်နေပြီး

" ဖုရှောင်ယွီ၊ ငါက အဲ့ဒီ မြည်းကောင်လို ခေါင်းမာတဲ့ ဟန်ကျန်းခေါ့နဲ့ အထက်တန်းမှာကတည်းက သူငယ်ချင်းဖြစ်ခဲ့တာပါ၊ မင်းနဲ့ သိတာထက် ငါက ပိုပြီး အချိန်ကြာကြာ ပေါင်းခဲ့ဖူးတယ်၊ မင်းနဲ့ သူနဲ့ စကားများတာလောက်က ငါ့အတွက် ဘာမှ ထူးဆန်းမနေဘူးရယ်၊ ဒါကြောင့် ဘာမှ နှစ်သိမ့်ပေးမှာ မဟုတ်ဘူး "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now