(၅၆)

5.8K 702 35
                                        

Unicode

အနှီလူကား မည်သူဖြစ်သနည်းဆိုသည်ကို သိသွားရန်အတွက် ရွှီကျားလဲ့အဖို့ ၀.၁ စက္ကန့်မျှသာ ကြာလိုက်သည်။

ဤသည်မှာ အခြားတဖက်က သူ၏ မျိုးရိုးက "ဝမ်" ဖြစ်ကြောင်း အသိပေးလာရုံကြောင့်သာမက ထိုသူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နှင့်ဟန်ပန်က သူနှင့် အလွန်ရင်းနှီးနေသောကြောင့်လည်း ဖြစ်ပါ၏။

တဖက်လူမှာ မိသားစုက ဟိုတယ် ပိုင်ဆိုင်ပြီး မြင်းစီးနေသည့် ဓာတ်ပုံများကို WeChat ပရိုဖိုင်အဖြစ် အသုံးပြုသည့် ဝမ်ဟွိုင်ရွှမ်းဖြစ်လောက်သည်မှာ မေးနေစရာပင် မလိုတော့။ ပြီးတော့ ဒီခေတ်ကြီးမှာ ဘယ်သူကရော ကြင်ဖက်တွေ့ရုံ အဆင့်လောက်လေးနဲ့ မပြောမဆို ရောက်ချလာလို့ရတယ်လား။

ရွှီကျားလဲ့၏ ဒေါသတွေက အလိပ်လိုက် ထွက်လာကာ

" ငါက ... "

ပါးစပ်ကို ဖွင့်လိုက်ပြီးခါမှ ဆက်ထွက်မလာဘဲ လည်ချောင်းဝတွင် တစ်နေသည်။

ချီးပဲ။

ရွှီကျားလဲ့သည် သူနှင့် ဖုရှောင်ယွီ အကြားရှိ "ပိုးပန်းခံရသူ" နှင့် "ပိုးပန်းသူ" ဟူသည့် ဆက်ဆံရေးက မည်သည့် သဘောဆောင်မှန်း ရုတ်ခြည်း  သဘောပေါက်သွားရသည်။ ဤအတိုင်းဆိုပါလျှင် သူသည် မည်သို့မျှ ဝင်ရောက်စွက်ဖက်ခွင့် မရှိသည့် အညတရသက်သက်သာ။

" အမ် ? "

ဝမ်ဟွိုင်ရွှမ်းမှာ အနည်းငယ် စိတ်ရှုပ်သွားပုံရသည်။

ကံကောင်းထောက်မစွာဖြင့် ထိုခဏမှာပင် ကားဘေးနား ရပ်နေခဲ့သည့် ဖုရှောင်ယွီက ဖြည်းညင်းစွာ လျှောက်လာပြီး ဝမ်ဟွိုင်ရွှမ်းကို တအံ့တဩကြည့်လိုက်ကာ

" မစ္စတာဝမ် ? "

" ဟယ်လို၊ မစ္စတာဖု၊ တွေ့ရတာ ဝမ်းသာပါတယ် "

ဝမ်ဟွိုင်ရွှမ်း၏ မျက်လုံးများ တောက်ပလာပြီး လက်ကို အားရပါးရ ဆန့်ထုတ်လိုက်ကာ ဖုရှောင်ယွီကို နှုတ်ဆက်သည်။ တချက်ကြည့်လိုက်ရုံမျှဖြင့် သူ့ရှေ့ရှိ အိုမီဂါသည် အမှန်တကယ်ပင် WeChat မှတဆင့် မိတ်ဆက်ထားသည့် တယောက်မှန်း သိလိုက်၏။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now