Unicode
ကိုယ်ဝန်ဆောင်ခြင်း - ၁၇
" အရမ်းနာတာပဲ၊ ရွှီကျားလဲ့ ! "
ပထမအကြိမ် ငိုရှိုက်လိုက်မိသည်နှင့် ရဲရင့်သယောင် ထိန်းထားခဲ့သည့် အသွင်အပြင်မှန်သမျှ အကုန် မြောင်းထဲရောက်ကုန်သည်။ ဖုရှောင်ယွီ၏ နာနာကျင်ကျင် အော်ညည်းသံက ပိုမို ကျယ်လောင်လာကာ ငိုသံနှောသည့် ညည်းသံက ပြတ်တောင်း ပြတ်တောင်းနှင့် နောက်ဆက်တွဲ ကပ်ပါလာ၏။
ဤအိုမီဂါသည် အမှန်တကယ်ပင် ဒူပေနာပေခံပါ၏လောဟူသည်က မရှင်းမလင်းဖြစ်ဖွယ်ရာဖြစ်ပါသော်ငြား နာကျင်၍ အော်ဟစ်လိုက်သည့်အခါတွင်မူ အထူးပင် အားမာန်တွေ ပါနေပြန်သည်။
" ကိုယ့်ရဲ့ ရှောင်ယွီ၊ ကိုယ့်ရဲ့ နတ်ဘုရားလေး၊ ကိုယ့်ရဲ့ ဘေဘီလေး ... "
ဖုရှောင်ယွီ အော်ဟစ်သံကြောင့် ရွှီကျားလဲ့၏ အသံက အဖျားခတ် တုန်ခါလို့သွားပြီး သူ့ကိုယ်သူ ဘာတွေ ပြောနေမိမှန်းပင် မသိတော့။
" မင်း ဖီရိုမုန်းတွေကို တည်ငြိမ်အောင် လုပ်ရမယ် "
ရွှီကျားလဲ့ အာရုံထွေပြားနေသည်ကို တွေ့သည့်အခါ ဆရာဝန်က ထပ်မံ သတိပေး လာသည်။
" မင်းက A အဆင့် အယ်လ်ဖာလေ "
" ဟုတ်၊ ဟုတ်ကဲ့ "
ရွှီကျားလဲ့က ခေါင်းညိတ်ပြီး ထပ်ခါထပ်ခါ ကတိပေးသည်။ သူသည် အယ်လ်ဖာတယောက်၏ မွေးရာပါ လမ်းညွှန်ချက်အတိုင်း လိုက်နာရန် အကောင်းဆုံးကြိုးစားခဲ့ပြီး သူ၏ အိုမီဂါ နာကျင်မှုမှ သက်သာစေရန် သူ့ ဖီရိုမုန်းတွေကို ထုတ်လွှတ်ပေးနေသည်။ မွေးခန်းထဲတွင် ပူရှိမ်းရနံ့နှင့်အတူ အထူးပင် ပြင်းထန်နေသည့် တတိုင်းမွှေးရနံ့တို့ ရောယှက်နေလျက်။
ပူရှိမ်းရနံ့ကို ရလိုက်သည့်အခါတွင် ဖုရှောင်ယွီ၏ ဦးခေါင်းက အလိုလိုပင် ရွှီကျားလဲ့အနား တိုးကပ်မှီထားလိုက်သည်။ သို့သော်လည်း နောက်ထပ်တဖန် ဆောင့်တက်လာပြန်သည့် ညှစ်လိုအား ပြင်းပြင်းကြောင့် နာကျင်စွာ အော်ဟစ်လိုက်ရပြန်၏။
" လေရှူသွင်း .. ဟုတ်ပြီ၊ အားတင်းလိုက်ပါဦး၊ ညှစ်ကြည့် ! "
" အား ! "
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}
Lãng mạnTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ
