(၈၂)

3.7K 521 22
                                    

Unicode




ဖုရှောင်ယွီက လမ်းဘက်သို့ ထွက်လာပြီး ရွှီကျားလဲ့ ပြောသည်ကို နားထောင်နေသည်။ ဘားဆီမှ သီချင်းသံ ဆူဆူညံညံသည် သူနှင့် အနည်းငယ် လှမ်းသွားသလိုပင်။

သူက မေးလိုက်သည်။

" ရွှီကျားလဲ့၊ ခင်ဗျား မူးနေတာလား "

" အင်း၊ နည်းနည်း "

ရွှီကျားလဲ့က

" ရှောင်ယွီ၊ မင်း မွေးနေ့မို့ သူငယ်ချင်းတွေနဲ့ ဘား ရောက်နေတာလား "

" အင်း၊ တကယ်က သူငယ်ချင်းတွေရယ်လည်း မဟုတ်ပါဘူး၊ စီးပွားရေးပါတနာနည်းနည်းနဲ့ ဝမ်ဟွိုင်ရွှမ်းရယ်လောက်ပါပဲ "

" ဝမ် ... ဟွိုင်ရွှမ်း "

အရက်ကြောင့် ရီဝေဝေဖြစ်ချင်နေသည့် ရွှီကျားလဲ့၏ တုံ့ပြန်မှုက ပုံမှန်ထက် အနည်းငယ် နှေးကွေးပြီး ထွက်လာသည်။ တစက္ကန့်  နှစ်စက္ကန့်လောက် ကြာသွားပြီးမှ သူ့ လေသံက ရုတ်တရက် မြင့်လာကာ

" ဘာကိစ္စ သူက ဗီယက်နမ်မှာ ရှိနေတာလဲ၊ မင်းကို လာရှာတာလား "

" မဟုတ်တာ "

အရှေ့တောင်အာရှ၏ ပူနွေးစိုစွတ်သည့် လေပြည်က လမ်းမပေါ် ဦးတည်ရာမရှိ အရှေ့အနောက် အပြန်ပြန်အလှန်လှန် လျှောက်သွားနေသည့် ဖုရှောင်ယွီ၏ မျက်နှာပေါ် တိုးဝှေ့လျက်။

" သူလည်း သူ့အိမ်က လုပ်ငန်းကိစ္စနဲ့ ဗီယက်နမ်ကို ရောက်နေတာ၊ တိုက်တိုက်ဆိုင်ဆိုင် Last Love နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရွေးလိုက်တဲ့ ဟိုတယ်က သူတို့ မိသားစုအပိုင် ဟိုတယ်တွေထဲက တခုဖြစ်နေတာ၊ ဒါနဲ့ ကျွန်တော်တို့ အလုပ်ကိစ္စဆွေးနွေးဖို့ ဖြစ်သွားရော "

ဖုရှောင်ယွီကိုယ်တိုင်လည်း ဝိုင်နည်းနည်း သောက်ထား၍ မူးရိပ်ရိပ်ဖြစ်နေပြီး သူ ပြောလိုက်သည့်အထဲ ဟာကွက်တွေ ပါနေမှန်း ပြောပြီးသွားသည့်တိုင်အောင် သတိမထားမိပါချေ။ မည်သူမျှ အလုပ်ကိစ္စကို ဘားလို နေရာမျိုးတွင် မဆွေးနွေးကြ။ သူနှင့် ဝမ်ဟွိုင်ရွှမ်းသည်လည်း လုပ်ငန်းကိစ္စများ ဆွေးနွေးပြီးသွားသည့်အခါမှ နောက်တဝိုင်းအနေဖြင့် ဘားသို့ ရောက်ရှိလာကြတာဖြစ်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now