(၂၈)

6.4K 725 31
                                        

Unicode



" သားသား၊ ဒယ်ဒီ့ကို တခု ကူညီပေးမလား၊ အပေါ်ထပ်ကို ကြောင်တက်သွားတယ် ထင်တယ်၊ သွားကြည့်ပေးကြည့် "

ရွှီကျားလဲ့သည် စကားတခွန်းတည်းဖြင့် နန်ရီကို ဒုတိယထပ်သို့ တက်သွားအောင် ဆွဲဆောင်လိုက်ပြီးနောက် ဧည့်ခန်းသို့ အမြန်ပြန်လာခဲ့သည်။ ဖုရှောင်ယွီမှာ ယခုထိတိုင် ဆိုဖာပေါ်တွင် ပုန်းနေဆဲ။

အချိန် အကန့်အသတ်ရှိနေ၍ ရွှီကျားလဲ့က စကားတခွန်းမှ ဆိုမနေတော့ဘဲ ဖုရှောင်ယွီကို စောင်နှင့်တကွ ပွေ့ချီယူလိုက်ကာ အိပ်ခန်းထဲ အမြန်ခေါ်သွားပြီး သူခိုးတယောက်လိုပင် တံခါးကို လော့ခ်ချလိုက်ရသည်။

ဖုရှောင်ယွီ၏ မျက်နှာနီနီရဲရဲသည် ယခုမှပင် စောင်အောက်ကနေ ထွက်ပေါ်လာပြီး သူတို့ နှစ်ယောက်၏ အတွင်းခံဘောင်းဘီတွေကို ကျစ်နေအောင် ဆုပ်ကိုင်လို့ထားသည်။ မတိုင်မီက အဖြစ်အပျက်ကြောင့် စိတ်တွေက ယောက်ယက်ခတ်နေဆဲ။ ယခုအထိပင်လျှင် သူ ဘာဆက်လုပ်ရမည်မှန်း မသိပါချေ။

ရွှီကျားလဲ့သည် အတွင်းခံဘောင်းဘီနှစ်ထည်ကို ယူ၍ အခန်းထောင့်ရှိ အဝတ်တောင်းထဲသို့ ပစ်ချလိုက်သည်။ လုံးဝအပြောင်းအလဲမရှိသည့် မျက်နှာအမူအရာဖြင့် အဝတ်ဗီရိုကို လှန်လှောရှာနေရင်းက

" ကိုယ် မင်း ဝတ်ဖို့ အဝတ်တွေ ရှာပေးမယ်၊ အင်း၊ ကိုယ့်အဖို့လည်း လိုတယ်၊ ဒါဝတ်ထားရတာ အဆင်မပြေဘူး "

အစပိုင်းတွင် ဖုရှောင်ယွီသည် ရွှီကျားလဲ့ပြောသည်ကို နားမလည်၍ တိတ်တိတ်သာ နေလိုက်၏။ သို့သော်လည်း နောက်အခိုက်အတန့်တွင်ကား သူ့ မျက်နှာမှာ ရဲရဲနီလို့ သွားတော့သည်။ အဘယ်ကြောင့်ဆိုပါမူ အရှေ့တွင်ရှိနေသည့် ရွှီကျားလဲ့က သူ ဝတ်ထားသည့် ညအိပ်ဘောင်းဘီကို သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ဖြင့် ချွတ်ချလိုက်ပြီး အောက်ပိုင်းဗလာဖြစ်သွားစေသောကြောင့်။

မနက်ပိုင်းတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ခန္ဓာကိုယ်၏ တုံ့ပြန်မှုအရဆိုပါလျှင် ယခုတွင် အတွင်းခံမဝတ်ထား၍ သေချာပေါက် ပွတ်တိုက်မှုရှိနေကာ နေရထိုင်ရ အဆင်မပြေဖြစ်မည်က အမှန်ပါပင်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now