Unicode
ကိုယ်ဝန်ဆောင်ခြင်း - ၈
ဇွန်လတွင် M မြို့၏ အပူချိန်က တဖြည်းဖြည်း မြင့်တက်လာသည်။ ရက်အတော်ကြာအောင် မိုးဆက်တိုက်ရွာပြီးသွားသည့်အခါ စိုထိုင်းဆနှင့် အပူရှိန်များ ပေါင်းစပ်လို့သွားပြီး ဖုရှောင်ယွီ၏ မအီမသာဖြစ်မှုသည်လည်း ပိုမိုပြင်းထန်လာသည်။
နေ့ခင်းဘက် တံခါးခေါက်သံကြားလိုက်ရသည့်အချိန် ဖုရှောင်ယွီမှာ အန်ထားပြီးခါစ ဆိုဖာပေါ် အားအင်ချိနဲ့စွာ လှဲနေချိန်တွင်ဖြစ်သည်။ သူ့ရှေ့တွင် စားလက်စ သရက်သီးတဝက်ရှိနေပြီး ယခုတွင် ထိုပန်းကန်အား လှည့်တောင်မှ မကြည့်ချင်တော့။
သူ့ ခြေရင်းနားတွင်မူ ရှအန်းက ပျင်းရိလေးတွဲ့စွာဖြင့် ခွေနေပြီး ဘဲလ်သံကို ကြားသည်တွင် ခေါင်းထောင်ထကာ ညောင်သံပြုသည်။
ဘာလို့ ရွှီကျားလဲ့က ကိုယ့်ဘာသာကိုယ် ဖွင့် မဝင်လာတာလဲ။
ဖုရှောင်ယွီမှာ မျက်မှောင်ကြုတ်မိရပြီ။
သို့သော် တံခါးဘဲလ်က ခေါင်းမာမာနှင့် အဆက်မပြတ် မြည်နေသောကြောင့် ဖုရှောင်ယွီသည် ကော်ဖီစားပွဲပေါ်ရှိ ဖုန်းကို ယူဖို့ သူ့ လက်ကို တုံ့ဆိုင်းစွာ ဆန့်ထုတ်လိုက်ရပြီး အက်ပ်ထဲဝင်ကာ စမတ်လောခ့်ကို ဖွင့်ကြည့်လိုက်၏။ ခဏအကြာတွင် ကလေးငယ်တဦး ကင်မရာရှေ့၌ ပေါ်လာသည်။ သူ့ကို တွေ့သည်နှင့် ကလေးငယ်က မျက်လုံးများ ကွေးညွှတ်သည်အထိ ပြုံးပြီး နှုတ်ဆက်လာသည်။
" အကိုချောချောလေး … အန်ကယ်ဖု ! "
" ကျွန်တော် ရောက်ပါပြီ ! "
" ရှောင်နန်ရီ "
ဖုရှောင်ယွီ အနည်းငယ် အံ့သြသွားသော်လည်း တံခါးလောခ့်ကို ချက်ချင်းဖွင့်ပြီး ကောင်လေးကို ဝင်ခွင့်ပြုလိုက်သည်။
" အန်ကယ်ဖု ! "
မင်းသမီး Elsa ပုံနှင့် ပန်းရောင် ကျောပိုးအိတ်လေးကို ကျောတွင် လွယ်ထားကာ ရွှီနန်ရီသည် စွမ်းအင်အပြည့်ဖြင့် အိမ်ထဲသို့ ခုန်ဝင်လာသည်။
" နန်ရီ၊ မင်း ဘယ်လိုဖြစ်ပြီး ဒီ ရောက်လာတာလဲ "
ဖုရှောင်ယွီသည် မတ်တပ်ထရပ်ပြီး အံ့အားသင့်စွာဖြင့် မေးလိုက်၏။
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ
