အချပ်ပို (၄)

4.8K 477 16
                                        

Unicode

သဝန်တိုခြင်း

ဖုရှောင်ယွီသည် ဧည့်ခန်းအပြင်ဘက်ဆီမှ ခြေသံခပ်ဖွဖွကို ကြားလိုက်ရ၏။ ဖုကျင့် မီးဖိုခန်းထဲက ပြန်ထွက်လာဟန်တူသည်။

မှောင်ရီရီ ရေချိုးခန်းငယ်ထဲဝယ် သူ၏ စိတ်အာရုံတွေသည် ခါတိုင်းထက်ပို၍ အရိုင်းဆန်စွာ လှုပ်ရှားလို့နေသည်။ ဖုကျင့် သို့မဟုတ် ထန်နျင်များ မတော်တဆ ရောက်လာလေပြီး သူတို့အား ရှာတွေ့သွားမည်ကို စိုးရွံ့နေလျက်က တချိန်တည်းမှာပင် ရွှီကျားလဲ့ ဆုပ်ကိုင်ထားသည့် တခုတည်းသော အစိတ်အပိုင်းဆီကိုလည်း အလုံးစုံသော အာရုံတွေ စူးစိုက်ရောက်ရှိနေပြန်၏။

သူ့ နှလုံးခုန်သံတွေ မြန်ဆန်လာသည်။

တရားဝင် အမှတ်အသားပြုခံရပြီးကတည်းက သူသည် ရွှီကျားလဲ့၏ အထိအတွေ့ကို ယခင်ကထက်ပင် ပို၍ သဘောကျလာမိသည်။

ပို၍ သဘောကျမိသည်နှင့်အမျှ နှစ်သက်မဆုံးနိုင်အောင် ဖြစ်ရ၏။

သူ့ နောက်ကျောဘက်နားဆီမှ ရွှီကျားလဲ့၏ အေးမြမြ ပူရှိမ်းရနံ့ဖီရိုမုန်းကို  ခံစားလိုက်ရသည့်ခဏဝယ် ကြည်နူးသည့် ခံစားချက်အဟုန်က လှိုက်တက်လို့လာသည်။ လက်ချောင်းများနှင့် လက်ဖဝါးတို့ဆီမှ အထိအတွေ့တိုင်းက သူ့ ခန္ဓာကိုယ်အပူချိန်ကို တညီးညီး တောက်လောင်လာစေ၏။

ဖုရှောင်ယွီ၏ နဖူးထက်တွင် ချွေးအနည်းငယ်စို့လာသည်။

" ရွှီ .. ရွှီကျားလဲ့ ... "

နောက်ဆုံးတွင် ဖုရှောင်ယွီသည် သူ့ အသံကို ထိန်းမထားနိုင်တော့ဘဲ လည်ချောင်းအတွင်းမှ ထွက်လာသည့် အသံတိုးတိုးကို ပြုမိတော့သည်။

သို့သော်ငြား အဆုံးစွန်သော ခံစားချက်တခုဆီ ရောက်ရှိခါနီးမှ ရွှီကျားလဲ့က သူ့လက်ကို ရုတ်ခြည်း ဖယ်ခွာသွားသည်။

" ကောင်းပြီလေ "

သူ့ နောက်နားဆီမှ အယ်လ်ဖာက ရယ်မြူးရိပ်သန်းနေသည့် လေသံဖြင့် ဆိုလာသည်။

" ဒါဆို ကိုယ် မင်းကို လွှတ်ပေးလိုက်မယ် "

သူ့ လေသံမှာ ပေါ့ပေါ့ပါးပါးနှင့် ဖုရှောင်ယွီ၏ တောင်းဆိုချက်အရအလွယ်တကူ အလျှော့ပေးလိုက်သည့်နှယ်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now