(၂၀)

5.9K 744 38
                                        

Unicode

နောက်ရက် အတော်ကြာသည်အထိ ဖုရှောင်ယွီ လုံးဝ ပေါ်မလာချေ။

Gemini တာဝါ အပေါ်ဆုံးထပ်တွင် ဖြစ်ပျက်ခဲ့တာတွေသည် IM Group နှင့်သာ သက်ဆိုင်၍ Lite မှ ဝန်ထမ်းမျာ၊ Last Love အဖွဲ့သားများသည် ထိုအကြောင်းအရာတွေကို မသိရှိကြ။

သူတို့အတွက်မှာမူ သူတို့၏ ကြောက်စရာအကောင်းဆုံး ဘော့စ်မရှိခြင်းက အသက်ရှူချောင်စရာ အခွင့်အရေးတခုဖြစ်နေ၏။

သို့သော်လည်း တကယ်အရေးကြုံသည့်အခါတွင် အခြေအနေက ကွာခြားလို့သွားသည်။

Last Love ကို တရားဝင် မိတ်ဆက်ဖို့ရာ နီးကပ်လာပြီဖြစ်ပြီး အရေးအကြီးဆုံးဖြစ်သည့် ပရိုမိုးရှင်း ​အစီအစဉ်မှာ လာမည့် သီတင်းပတ်အကုန်တွင် ဖြစ်သည်။

ထိုအတောအတွင်း Lite သည် Last Love အကပ်ပလီကေးရှင်း အကြိုမိတ်ဆက်ကို B တက္ကသိုလ်၏ ပင်မခန်းမဆောင်တွင် ကျင်းပဖို့ရှိသည်။ ပထမဆုံး အသုတ်အနေဖြင့် B မြို့ရှိ အဓိက တက္ကသိုလ်ကြီးများမှ ကျောင်းသားကျောင်းသူများကို အက်ပ် အစမ်းအသုံးပြုရန် ရွေးချယ်လိုက်ကြသည်။

ဤသို့ လူသိရှင်ကြား မိတ်ဆက်ပေးမည့် အစီအစဉ်ကို ဝမ်းခေါ့နှင့် ရွှီကျားလဲ့တို့က အဆိုပြုခဲ့တာဖြစ်သည်။

တက္ကသိုလ်ကျောင်းသားအုပ်စုသည် အချစ်နှင့် ပတ်သက်လျှင် စိတ်အား အထက်သန်ဆုံးအရွယ်ဖြစ်ပြီး လွတ်လွတ်လပ်လပ် တွေးခေါ်တတ်ကြရာ Last Love အတွက် လုံးဝပြီးပြည့်စုံသည့် ပစ်မှတ်ပင်။ ထို့အပြင် ဤအရွယ်လေးတွေသည် အင်တာနက်ပေါ်တွင် သြဇာလွှမ်းမိုးမှု အများဆုံးဖြစ်ကြသလို သတင်းစကား ဖြန့်ဖြူးရာတွင်လည်း မြန်ဆန်သည်။

ဝမ်းခေါ့နှင့် ရွှီကျားလဲ့တို့သည် အရောင်းမြှင့်တင်ရေးနှင့် ဈေးကွက်ရှာဖွေရေးစသည်တို့ကို မလေ့လာဖူးသည့်တိုင် အက်ပ်အပေါ် ထားရှိသည့် စိတ်အားထက်သန်မှုဖြင့် အရောင်းမြှင့်တင်ရေး အစီအစဥ်ကောင်းတခုကို ရေးဆွဲနိုင်ခဲ့ကြသည်။

သို့ပေတည့် အစီအစဥ်ကောင်းရှိသည်က တခုဖြစ်ပြီး အစီအစဥ်ကို အမှန်တကယ် သိရှိနားလည်ကာ အကောင်အထည်ဖော်ခြင်းနှင့် အရင်းအမြစ်တွေကို ပေါင်းစပ်ကာ လည်ပတ်နိုင်မှု စွမ်းရည်က အခြားတခုပင်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now