Unicode
" ကြည့်ရ အဆင်ပြေလား "
ဖုရှောင်ယွီသည် မူလက အပြင်ဘက် တခါတည်းထွက်လာဖို့ စိတ်ကူးထားသော်လည်း ရွှီကျားလဲ့က သူ့ အရှေ့ ရောက်လာသည့်အခါ မနေနိုင်တော့ဘဲ သွားနေရာမှ ရပ်ပြီး မေးလိုက်တာပင်။
" အင်း၊ ကိုယ် သေချာလေး ကြည့်ပါရစေဦး "
ရွှီကျားလဲ့သည် မှတ်ချက်မပေးမီ မတုန်မလှုပ်အမူအရာဖြင့် အချိန်အတော်ကြာအောင် တမင်တကာ အပြန်ပြန်အလှန်လှန် ကြည့်လိုက်ပြီးမှ
" ကိုယ်မြင်သလောက် ဒီကမ်းခြေဘောင်းဘီရဲ့ အရောင်နဲ့ စတိုင်အရ အတော်လေးကို ခေတ်စားနေတဲ့ ပုံစံလို့ ထင်တယ်၊ လည်ဆွဲကလည်း မိုက်၊ သူ့ရဲ့ ငွေရောင်က တကယ်ကို အကြည့် ဆွဲဆောင်မှုရှိတယ် ဆိုရမယ် "
ဖုရှောင်ယွီက ဆက်လက် ကြားလိုဟန်ဖြင့် သူ့ကို မော့ကြည့်နေဆဲ။ သို့သော်လည်း အဆုံးအထိ မှတ်ချက် တစုံတစ်ရာ ထပ်ထွက်မလာတော့သည့်အခါတွင် မျက်ဝန်းထဲဝယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် အရိပ်အယောင်တွေ ထွက်ပေါ်လို့လာသည်။
" ဒီကို လာပါဦး "
ရွှီကျားလဲ့မှာ ရယ်မိရပြီ။
သူသည် ဖုရှောင်ယွီကို သူ့ ရှေ့သို့ ဆွဲယူလိုက်ပြီး အသည်းယားစွာဖြင့် ပါးကို အသာဆွဲညှစ်လိုက်ရင်းက ခပ်တိုးတိုးလေး ပြောလိုက်၏။
" ဖုရှောင်ယွီ၊ ကိုယ့်ရဲ့ အဝတ်ဗီရိုကြီးတခုလုံးမှာ ဒါက မင်း အကြိုက်ဆုံး ဟာတွေလား "
" အင်း "
ဖုရှောင်ယွီက ပြန်ဖြေသည်။ ပြီးခါမှ ရှက်ကိုးရှက်ကန်းဖြင့် ထပ်ပေါင်း၍ ဆိုလာသည်က
" ပြီးတော့ ခင်ဗျားလည်း ဒီလိုမျိုး ဝတ်ထားရင် အရမ်းကြည့်ကောင်းတယ်လို့ ကျွန်တော် ထင်တာနဲ့ "
" ... "
ရွှီကျားလဲ့မှာ ဖုရှောင်ယွီ၏ အမြင်ကိုပဲ ချေဖျက်ပေးရမလား၊ သဘောပဲ ကျလိုက်ရတော့မလား ခဏတာမျှ မဝေခွဲနိုင်တော့ဘဲရှိသည်။ သို့သော်ငြား မည်သို့မျှ မတုံ့ပြန်လိုက်ရသေးခင်မှာပင် တိတ်တခိုး ပျော်ရွှင်မှုလေးက သူ့အပေါ် လွှမ်းမိုးလို့သွားပြီဖြစ်တော့သည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ