(၉၉)

3.8K 566 34
                                    

Unicode




ဖုရှောင်ယွီသည် ရွှီကျားလဲ့ကို ကြည့်နေရင်း တဖြည်းဖြည်းနှင့် အတွေးတွေ ပျံ့လွင့်လို့လာသည်။

သူ့ အရှေ့တွင် ရှိနေသည့် အယ်လ်ဖာသည် သူ့ ဘဝ၏ အဆင်မပြေဆုံးသောနေ့တနေ့ကို တွေ့ကြုံနေရသည်။ အစကတည်းကမှ နေမကောင်းသောကြောင့် မျက်နှာက ဖြူဖျော့နေခဲ့ပြီး ယခုဆိုလျှင် သူ့ နှာခေါင်းကပါ နီရဲ ရောင်ကိုင်းနေကာ သွေးစတွေကလည်း ပေကျံနေသေး၏။ ထို့အပြင် အင်္ကျီလက်တွင်ပါ သွေးကွက်တို့ဖြင့် စွန်းထင်းလျက်။

ဖုရှောင်ယွီ၏ မျက်လုံးထဲတွင် ရွှီကျားလဲ့ဟူသည် နေရောင်ခြည်လိုပင် အမြဲတောက်ပနေကာ ချောမောသော၊ ဟာသဉာဏ်ကြွယ်ဝသော၊ လူမှုဆက်ဆံရေး ညက်သော၊ နူးညံ့သိမ်မွေ့၍ လိင်ဆွဲဆောင်မှု အားကောင်းသော အယ်လ်ဖာတယောက်ဖြစ်ပါ၏။

သို့သော် ဤအခိုက်အတန့်ဝယ် သူ့ ရှေ့တွင်ရှိနေသည့် ရွှီကျားလဲ့၏ ဖရိုဖရဲ ဖိုသီဖတ်သီဖြစ်နေရုံတင်မက အနည်းငယ် မြင်မကောင်း ရှုမကောင်းဖြစ်နေသည့် ဟန်ပန်ကို မြင်လိုက်ရချိန်တွင် သူ့ နှလုံးသားဆီမှ စူးရှ ပြင်းထန်သည့် နာကျင်မှုတမျိုးကို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဟူ၍မူ ဆွဲထုတ်ပြစရာမရှိ။ သို့တိုင်အောင် သူ့ဘက်ကနေ ရွှီကျားလဲ့ကို မိုက်မဲစွာ ပိုးပန်းပြီး ဂုဏ်ယူစွာဖြင့် အောင်အောင်မြင်မြင် လိုက်လို့ရခဲ့သည့်အချိန်အထိ အကျပ်ရိုက်နေသည့် အမူအရာနှင့် ပျော့ညံ့၍ စွဲမက်ဖွယ်ရာ မကောင်း အစရှိသည်ဖြင့် မပြည့်စုံသော ရှုထောင့်မှ ရွှီကျားလဲ့သည်လည်း တချိန်တည်း တည်ရှိနေခဲ့လိမ့်မည်ဟု မထင်ထားခဲ့စဖူးပေ။

ဤသည်မှာ ရွှီကျားလဲ့က သူ၏ မီးခိုးရောင်အမြီးကို ခြေထောက်နှစ်ချောင်းကြားထဲ တမင်တကာ ကုတ်ထည့်ထားကာ အမြဲဝှက်ထားခဲ့သည်နှင့် တူ၏။

သို့ကလိုဆိုမှဖြင့် အနှီအယ်လ်ဖာသည်လည်း ပကတိပြည့်စုံနေသူ မဟုတ်ရပါပေ။

" ဟတ်ချိုး "

ဖုရှောင်ယွီ သူ့ အတွေးနှင့်သူ တိတ်ဆိတ်နေချိန် တိတ်တိတ်လေး အောင့်အီးပြီးနေနေခဲ့သည့် ရွှီကျားလဲ့သည် နောက်ဆုံးတွင် မတတ်နိုင်တော့ဘဲ ခေါင်းကို တဖက်သို့ လှည့်ကာ နှာချေလိုက်မိသည်။ ရုတ်တရက် လှုပ်လှုပ်ရှားရှားဖြစ်သွားခြင်းက ဖုရှောင်ယွီ၏ အတွေးရေယာဥ်ကြောကို အနှောင့်အယှက် ဖြစ်သွားစေသည်။ သူသည် ရွှီကျားလဲ့၏ ဖြူဖျော့နေသည့် မျက်နှာကို တလှည့်၊ သူ့ ဘေးရှိ ဆေးပုလင်းကို တလှည့် ကြည့်လိုက်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now