(၄၀)

4.1K 617 27
                                    

Unicode



" ဖုရှောင်ယွီ၊ မင်း ရုတ်တရက်ကြီး Heat ဝင်သွားရတာက ကျိုးရန် ဆေးခတ်တာ ခံလိုက်ရလို့ပဲ "

အတိအကျ ဆိုပါလျှင် အထောက်အထားအားလုံးက ရှင်းပြဖို့ မလိုလောက်အောင်ပင် အဖြေတခုတည်းကိုသာ ညွှန်ပြနေကြသည်။

သို့တိုင်အောင် ဖုရှောင်ယွီသည် ခဏတာ ထိန်းချုပ်မှု မဲ့သွားသည်ကို တည်ငြိမ်အောင် ကြိုးစားနေရင်းက ပြန်ဖြေ၏။

" ဟုတ်တယ် "

သူက ခေါင်းမော့ကာ ရွှီကျားလဲ့ကို တည့်တည့်ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့်

" ဒါပေမဲ့ ... "

ထို့နောက်တွင် စကားသံက ခေတ္တမျှ ရပ်သွားပြီး မျက်နှာပေါ်တွင် ရုတ်တရက်ပင် ချီတုံချတုံ အမူအရာဖြစ်ပေါ်လို့လာသည်။

ဖုရှောင်ယွီက "ဟုတ်တယ်" ဟု ဆိုလေပြီးမှ "ဒါပေမဲ့" နှင့် စကားကို ရပ်ထားသည့်အခါ ရွှီကျားလဲ့ကို စိတ်ရှုပ်ထွေး သွားစေ၏။ သို့သော်လည်း ယခုအချိန်တွင် ဝှက်ထားသည့် စကားလုံးတွေ၏ ဖြစ်နိုင်ခြေကို တူးဆွနေဖို့ အချိန် မဟုတ်သေးချေ။

" ငါ တောင်းပန်ပါတယ် .. "

ဝမ်းခေါ့၏ လေသံမှာ လုံးလုံး အက်ရှလို့နေသည်။ B တက္ကသိုလ်ကို ရောက်လာသည့် မနက်အစောပိုင်းကတည်းကပင် သူ့ အခြေအနေမှာ တော်တော်လေး ဆိုးရွားနေခဲ့ပြီဖြစ်သည်။ ယခုတွင်မူ သူ့ နှုတ်ခမ်းများက ပိုမို ဖြူဖျော့လို့လာသည်။ ရွှီကျားလဲ့က သူ့ကို ထိန်းပေးထားသည်ဖြစ်သော်လည်း ဝမ်းခေါ့သည် ဘေးတွင်ရှိသည့် ကတ်ထူပုံးတွေကို မှီထားလိုက်ပြီး ကြမ်းပြင်ပေါ် ဖြည်းညှင်းစွာ ထိုင်ချလိုက်သည်။

" ငါ့ကြောင့် မင်း ဒုက္ခရောက်ရတာ၊ ရှောင်ယွီ "

အမြဲလိုလို ဒူပေနာပေရှိခဲ့သည့် အိုမီဂါမှာ ယခုအခါတွင် လုံးဝ လဲပြိုကျတော့မည့် အခြေအနေသို့ ဆိုက်ရောက်သွားပုံရသည်။ သူသည် ကတ်ထူပုံးကို ခေါင်းဖြင့် ဘေးတိုက် အခါခါ စောင့်နေရင်းက တောက်လျှောက် တောင်းပန်စကားဆိုနေ၏။

" တောင်းပန်ပါတယ်၊ ဒါ ငါ့ အမှားပဲ၊ အစကတည်းက ကျိုးရန်ရဲ့ ပစ်မှတ်က ငါ ဖြစ်ခဲ့တာ၊ ငါပဲ ဖြစ်လိုက်ရမှာ ... "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now