အချပ်ပို (၁)

3.8K 427 6
                                    

Unicode

ယနေ့အဖို့ မစ္စတာဖု မပျော်ပါ

ယနေ့အဖို့ရာ မစ္စတာဖု အနည်းငယ် စိတ်မပျော်မရွှင်ဖြစ်နေသလိုပင်။

ထိုကိစ္စကြောင့် "အလုပ် လုပ်ကြသူများတွင် အချစ် မရှိ" အဖွဲ့လိုက် စကားပြောခန်းထဲတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်နေကြသည်။

ပြီးတော့လည်း အပတ်စဉ် အစည်းအဝေးကျင်းပသည့် သောကြာနေ့ ဖြစ်နေပြန်၏။

သို့ကလို သောကြာနေ့မျိုးတွင် မျက်နှာထား ခပ်တင်းတင်းနှင့် မစ္စတာဖုကို တွေ့ရခြင်းက ကောင်းသောလက္ခဏာမဟုတ်ပါချေ။

" ရှောင်ရှန်း၊ ဒီနေ့ မစ္စတာဖု ဘာဖြစ်နေလို့လဲ "

ဟူရှားသည် အတွင်းရေးမှူးရုံးခန်းထဲသို့ ခိုးကြောင်ခိုးဝှက်နှင့် ဝင်လာပြီး ဝမ်ရှောင်ရှန်းကို တိုးတိုးတိတ်တိတ် မေးရ၏။

ဝမ်ရှောင်ရှန်းမှာ ရာထူးတိုးသွားတာ မကြာသေး၍ သူ ကိုင်တွယ်ဖြေရှင်းရသည့် ကိစ္စအတော်လေးများနေရာ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သူက တခဏမျှ တွေးနေပြီးမှ ရုတ်တရက် မျက်မှောင်ကြုတ်သွားကာ

" ဖြစ်နိုင်တာ အလုပ်သင်အသစ်လေးကို ကျွန်တော် ကောင်းကောင်း မသင်ပြလိုက်မိလို့ သူ မစ္စတာဖု မကြိုက်တာ တခုခုများ လုပ်လိုက်မိတာလား "

ထိုသို့ တွေးလိုက်မိသည်နှင့် သူ့မှာ ထိုင်ပင်မထိုင်နိုင်တော့ဘဲ ဟူရှားနှင့်အတူ အလျင်အမြန် လိုက်ထွက်လာလာချင်းမှာပင် ဖုရှောင်ယွီ၏ လက်အတွင်း ကော်ဖီခွက်ကို ကမ်းပေးလိုက်သည့် အလုပ်သင်လေးကို တွေ့လိုက်ရ၏။

ဝမ်ရှောင်ရှန်း၏ မျက်နှာသည် ရုတ်ခြည်းဆိုသလို စိမ်းပြာလို့သွားသည်။

သူ အလုပ် အရမ်းရှုပ်နေ၍ အသစ်လေးကို မစ္စတာဖု သောက်မည့် ကော်ဖီတွင် သကြားနှင့်နို့ မထည့်ရဟူသည်အား ပြောဖို့မေ့သွားခဲ့ကာ ယခုတွင် အရမ်းနောက်ကျသွားလေပြီ။

" ကျေးဇူး "

အစည်းအဝေးခန်းရှေ့တွင် ရပ်နေသည့် ဖုရှောင်ယွီသည် ခေါင်းငုံ့ကာ ကော်ဖီကို တငုံမျှ သောက်လိုက်သည်။ ထို့နောက် ခေါင်း ပြန်မော့လာပြီး ဝမ်ရှောင်ရှန်းကို အနည်းငယ် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now