(၅)

5.2K 726 49
                                    

Unicode


ရုံးရှိ ဝန်ထမ်းများမှာ အနားတွင် ဘာမှ မဖြစ်နေသည့်အလား သူတို့ အရှေ့ရှိကွန်ပျူတာ စခရင်တွေကိုသာ စိုက်ကြည့်နေကြသည်။ အားလုံး အမှန်အကန် အလုပ်လုပ်နေကြပုံ ပေါ်နေသော်ငြား တကယ်တန်းမှာ မည်သူမျှ အလုပ် လုပ်မနေကြချေ။

'အလုပ် လုပ်ကြသူများတွင် အချစ် မရှိ' ဟူသည့် ဂရုချက်ထဲတွင်မူ လူတိုင်းက လှုပ်ရှားသက်ဝင်နေကြ၏။

ရှောင်ယွမ် : အခုထိ ရောက်မလာသေးတဲ့ ရဲဘော်များအတွက် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဥ်ရှိပါတယ်၊ ဟုတ်ကဲ့၊ ကျွန်တော် ရုံးခန်းထဲမှာ ရှိနေတာပါ၊ ဖြစ်စဥ်ကို ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဘော့စ်နှစ်ယောက်ဟာ အသေအကျေကိုပဲ တိုက်ပွဲဝင်နေကြတာဖြစ်ပြီး အခြေအနေက အရမ်းကိုပဲ တင်းမာနေပါတယ်။

ဟူရှား : ဘာကိစ္စ ?

လီကျင့်ကျင့် : မေးခွန်း ဘယ်နှစ်ခု ထည့်မယ်၊ ဖြုတ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ခုထိ ငြင်းခုန်လို့ မပြီးသေးတာလေ။

ဟူရှား : တကယ်ကြီး ?၊ မစ္စတာရွှီ နိုင်သွားပြီလား။

ရှောင်ယွမ် : ခု ကြည့်ရသလောက်တော့ ခါတိုင်းလိုပဲ မစ္စတာဖုဘက်က အားသာနေတယ်၊ ဒါပေမဲ့ မစ္စတာရွှီဘက်ကလည်း အလျှော့မပေးဘူး၊ ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်ကို စောင့်နေကြတာ။

ဟူရှား : ဒါဆို ဘစ်ဘော့စ်က မုန်တိုင်းရှိနေတဲ့ကြားကနေ ရုံးကို လာဦးမလို့လား၊ သူ နေမကောင်းဘူးဆို။

လီကျင့်ကျင့် : အင်းလေ၊ မစ္စတာဖုက တခုခု အမိန့်ပေးလာရင် ဘယ်သူက ငြင်းနိုင်မှာမို့လဲ၊ သိသာနေတာပဲ မဟုတ်ဘူးလား၊ သူ မလာချင်ရင်တောင် လာရမှာပဲ၊ အရေးပေါ် အခြေအနေကိုး။

အနှီစာကြောင်းသည် လူတိုင်း၏ PTSD ကို နှိုးဆွပေးလိုက်ဟန်တူ၏။

ဟူရှားသည် နားနေခန်းထဲတွင် နာရီဝက်လောက် အနားယူပြီး သူ့ နေရာသို့ ပြန်ရောက်ချိန်က အဖြစ်အပျက်ကို ပြန်အမှတ်ရမိသည်။ ဖုရှောင်ယွီသည် သူ့ နောက်တွင် ပေါ်လာပြီး မျက်နှာထားတင်းဖြင့် မေးလာသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now