Unicode
ရွှီကျားလဲ့သည် အပေါ်ပိုင်း ဗလာဖြင့် တံခါးဝတွင် တောင့်တောင့်ကြီး ရပ်နေရင်းက သူ့ကို တောက်ပစွာ ပြုံးပြနေသည့် ကျင်းချူကို ကြည့်နေမိသည်။
တခဏမျှတော့ဖြင့် တွေးနေမိသည်က
" ငါ အိပ်မက် မက်နေတာလား "
သို့သော်လည်း သူ့ ခြေရင်းနားဆီမှ နူးညံ့ပြီး နုနယ်သည့် ကလေးတဦး၏ အသံ ထွက်ပေါ်လာသည့်အခါတွင်ကား အမှန်အကန်ပင် ဖြစ်ကြောင်း လုံးဝသတိကပ်လို့သွားသည်။
" ဒယ်ဒီ ! "
နှင်းဆီရောင် ပါးဖောင်းဖောင်းနှင့် ရွှီနန်ရီမှာ ဖခင်ဖြစ်သူ၏ ခါးကို မီလုမီခင်မျှသာ အရွယ်ရောက်သေးပြီး သူ့ ဘောင်းဘီစကို ဆွဲကိုင်ကာ လှုပ်ခါလိုက်ချိန် ရွှီကျားလဲ့၏ ညအိပ်ဘောင်းဘီပွပွမှာ အနည်းငယ် လျှောကျတော့မလိုဖြစ်သွားသည်။
" အိုး! "
ရွှီကျားလဲ့မှာ ထိတ်ကနဲ ဖြစ်သွားရသည်။ ဘောင်းဘီအောက်တွင် ဘာမှ ခံမဝတ်ထားသည့်အပြင် သူ ယာယီအမှတ်အသားပေးထားသည့် အိုမီဂါနှင့် မနက်အစောပိုင်းတွင် ပူးပူးကပ်ကပ် ရှိနေခဲ့တာကြောင့် သူ့ အောက်ပိုင်းတနေရာက တုံ့ပြန်မှုရှိနေသည်။ ဤသည်ကို နန်ရီ မြင်တွေ့သွားဖို့ လုံးဝခွင့်မပြုနိုင်သည့်အတွက် သူသည် ဘောင်းဘီမျှော့ကြိုးကို ချက်ချင်း စုကိုင်ထားလိုက်ရ၏။
ထို့နောက် သူသည် ဘာမှမဖြစ်သကဲ့သို့ပင် ကိုယ်ကို ကိုင်းကာ နန်ရီကို ပွေ့ချီလိုက်ပြီး
" သားသားလေး နန်ရီ .. "
သူ့ ရင်ခွင်ထဲတွင် ဖက်ထုပ်လို မျက်နှာဖောင်းတစ်တစ်လေးကို မြင်လိုက်ရသည်နှင့် အရာအားလုံးကို ချက်ချင်း မေ့လို့သွားသည်။ သူ့ မျက်နှာထက်တွင် နွေးထွေးသည့် အပြုံးတခု ထွက်ပေါ်လာပြီး ရွှီနန်ရီကို နမ်းလိုက်ကာ
" ဒယ်ဒီ မင်းကို အရမ်းလွမ်းနေတာ "
ရွှီနန်ရီမှာ အယ်လ်ဖာဖခင်ဖြစ်သူ၏ အသစ်စက်စက် ရိတ်သင်ထားသည့် မုတ်ဆိတ်မွေး ထိုးထိုးထောင်ထောင်များကြောင့် ယားကျိကျိဖြစ်သွားရကာ တခစ်ခစ်ရယ်လိုက်ပြီး ရွှီကျားလဲ့ကို အနမ်းကြီးကြီး ပြန်ပေးသည်။
![](https://img.wattpad.com/cover/355973409-288-k745073.jpg)
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
Roman d'amourTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ