Unicode
ရွှီကျားလဲ့နှင့် ဝမ်းခေါ့တို့ B မြို့ကို ပြန်လာသည့် တလမ်းလုံး စကား သိပ်မပြောဖြစ်ခဲ့ကြ။
ဝမ်းခေါ့သည် လာနေရင်း ရှောင်ယွမ်ဆီမှ ဖုန်းကို လက်ခံဖြေဆိုကာ ယနေ့ည ပွဲကို မည်သို့မည်ပုံ စီစဉ်ရမည့်အကြောင်း လှမ်းပြီး ညွှန်ကြားနေသည်။
" လုပ်နေကျ အတိုင်းပဲ လုပ်တာပေါ့ "
ဝမ်းခေါ့က ပြန်ဖြေသည်။
" ဝမ်းခေါ့၊ ခု ဟန်ကျန်းခေါ့က သတိလစ်နေတာမှာ အဲ့ဒါက ကျိုးရန်လုပ်ခဲ့တာလို့ သက်သေမပြနိုင်သေးဘူးဆိုရင် ငါတို့ အစီအစဥ်ကို နောက်တမျိုး ပြောင်းလုပ်လိုက်ရမယ်ထင်တယ်၊ နည်းနည်းတော့ အလုပ်များပေမယ်လို့ပေါ့ "
ရွှီကျားလဲ့သည် WeChat မှ မက်ဆေ့ခ်ျများစွာကို အကုန်ဖြေကြားပေးပြီးသွားမှ ပင်ပန်းမောဟိုက်စွာဖြင့် သက်ပြင်းတချက် ချကာ ဝမ်းခေါ့ကို ပြောလိုက်သည်။
" ရွှီကျားလဲ့၊ ငါ မင်းကို ထပ်ပြီး အရှုပ်တွေ မဖြေရှင်းခိုင်းတော့ဘူး "
ဝမ်းခေါ့၏ လေသံက တည်ငြိမ်လွန်း၍ ပုံမှန်မဟုတ်သလိုပင် ခံစားနေရသည်။
" ငါ့မှာ သက်သေတွေ ရှိတယ်၊ အစီအစဉ်လည်း ရှိတယ် "
B မြို့သို့ ပြန်ရောက်လာသည့်အခါမှ ဝမ်းခေါ့သည် ဘာအတွက်ကြောင့်နှင့် ဤအခြေအနေအောက်တွင် Last Love အတွက် ပွဲကျင်းပရန် ခေါင်းမာမာနှင့် စီစဥ်ရကြောင်းကို နားလည် သဘောပေါက်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ကျိုးရန်၏ ရာဇ၀တ်မှုကို ထောက်လှမ်းရန် လုံလောက်သော အထောက်အထားများကို Last Love အက်ပ်တွင် ဝှက်ထားသောကြောင့်ဖြစ်သည်။
B တက္ကသိုလ် ပရိုမိုးရှင်းပွဲအတွင်း ဝမ်းခေါ့သည် Last Love App တွင် အထူးအစီအစဉ်တခုကို မိတ်ဆက်ခဲ့ဖူးသည်။ အသုံးပြုသူများကို စတင်သည့် နေ့တွင် ဆယ်မိနစ်ကြာ ရုပ်သံဖမ်းယူမှုကို အပ်လုဒ် လုပ်ခွင့်ပေးထားသည်။ ထိုရုပ်သံဖိုင်များကို Last Love ၏ ဒေတာဘေ့စ်မှနေ၍ သုံးစွဲသူများအတွက် နှစ်အနည်းငယ်ကြာသည်အထိ သိမ်းဆည်းထားပေးမည်ဖြစ်သည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ