(၃၁)

5.7K 633 18
                                    

Unicode

" ရပြီ .. "

ရွှီကျားလဲ့သည် အတွေးတွေကို ရှင်းထုတ်ပစ်လိုက်ကာ သူ့ ရင်ခွင်ထဲက ဖုရှောင်ယွီ၏ ခေါင်းကို လက်ဖြင့် ပွတ်ပေးလိုက်ပြီး

" ကိုင်လို့ ဝပြီမလား "

ဖုရှောင်ယွီက သူ့ အမေးကို ခေါင်းမော့ကြည့်၍ တုန့်ပြန်သည်။ အားနာသမှုအရ အသံထွက် မရယ်ပါသည့်တိုင် သူ့ မျက်ခုံးနှင့် မျက်လုံးထောင့်များဆီမှ အပြုံးကိုမူ ဝှက်ထားလို့မရချေ။ မျက်လုံးဝိုင်းကြီးတွေကလည်း ရွှီကျားလဲ့၏ ရင်ဘတ်ကို စိုက်ကြည့်လို့နေသေး၏။

အနှီသူသည်ကား ဆန္ဒပြည့်ဝသေးဟန် မတူ။ သူသည် ရုတ်တရက်ပင် အယ်လ်ဖာကို ခုတင်ခေါင်းရင်းနားဆီ မှီထားလိုက်စေပြီး သူကမူ ရွှီကျားလဲ့၏ မျက်နှင်ကို လက်ဖဝါးတွေဖြင့် ထွေးကိုင်ထားလိုက်သည်။

ရွှီကျားလဲ့မှာ အံ့အားသင့်သွားရသည်။ အိုမီဂါသည် တောက်ပသည့် မျက်လုံးဝိုင်းများဖြင့် သူ့ကို အပေါ်မှ စီးမိုးကာ စေ့စေ့ငုငု ကြည့်နေသည်။

အနေအထားက သေချာပေါက်ပင်​ ရန်စနေသည့်နှယ်။

ဖုရှောင်ယွီသည် အမဲလိုက်ရန်အတွက် ပထမဆုံးသော ခြေလှမ်းကို စတင်ခဲ့ပြီးမှ ဒုတိယအဆင့်တွင် တစ်နေသည်။ မျက်နှာ ရှေ့သို့ တိုးလာသော်လည်း ထိုအတိုင်း ဆက်သွားလျှင် နှာခေါင်းချင်း အရင်တိုက်မိမည်က အသေအချာ။ အိုမီဂါသည် စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ ပြန်ဆုတ်သွားပြီး အနေအထားကို နောက်ထပ်တဖန် ချိန်ဆနေပြန်သည်။

ရွှီကျားလဲ့မှာ ထိုပုံစံမျိုးနှင့် နေသားမကျ၍ အသက်ကို ခပ်ပြင်းပြင်းလေး ရှိုက်ရှူနေရသည်။

သို့ရှိနေရာမှ သူ ရုန်းဖို့ အချိန်မရလိုက်ခင်မှာပင် ဖုရှောင်ယွီသည် အသင့်တော်ဆုံးသော ရှုထောင့်ကို ရှာတွေ့သွားကာ ခေါင်းကို ငုံ့လိုက်ပြီး အလျင်အမြန် နမ်းတော့သည်။

ရွှီကျားလဲ့၏ နှုတ်ခမ်းတွေသည် အကိုက်ခံရလုနီးနီးဖြစ်နေကာ လျှာကပါ  ပြင်းပြင်းထန်ထန် စုပ်ယူခံနေရသည်။

ဖုရှောင်ယွီမှာ ယခုထိတိုင် ကိုးယိုးကားယားနိုင်နေသေးသည့် လက်သစ်ကလေး ဖြစ်ပါသည့်တိုင် မွေးရာပါ ကျားဗီဇဖြစ်လေရကား အနမ်းမှာ တခါထက် တခါ ပို၍ တက်ကြွထက်သန်လာချေသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now