(၂)

8.4K 892 20
                                        

Unicode

အနှီအမျိုးသားတအုပ် ဤနေရာသို့ ဘာလုပ်ချင်၍ ရောက်လာကြမှန်း ရွှီကျားလဲ့ ကောင်းကောင်းကြီး သိနေသည်။

အလ်ဖာတယောက်၏ အတွေးတွေကို အဲယ်လ်ဖာဖြစ်သည့် သူက နားအလည်ဆုံးပင်။

မိုင်တရာ ပတ်လည်အတွင်း A-grade အိုမီဂါ၏ အနံ့ကို ရလိုက်သည်နှင့် လက်မထပ်ရသေးသည့် အယ်လ်ဖာပဲဖြစ်စေ၊ လက်ထပ်ပြီးသား အယ်လ်ဖာဖြစ်စေ သူတို့၏ နှာခေါင်းများက တရှုံ့ရှုံ့ဖြစ်နေကြမည်သာ။ ဤသည်မှာ အယ်လ်ဖာစစ်စစ်တဦး၏ မွေးရာပါဗီဇဖြစ်ပါ၏။ အရိုးသားဆုံး ဝန်ခံရမည်ဆိုလျှင် ​အယ်လ်ဖာများသည်ကား လူသားများကြား ရောနှောရောက်ရှိနေသည့် အစွယ်တဖွေးဖွေးနှင့် ခွေးတွေသာဖြစ်တော့သည်။

ထို့အပြင် အယ်လ်ဖာတွေသည်ကား အတင်းစကားဆိုသည့်နေရာမျိုးတွင် အတော်ကြီးကိုပင် ကိုးရိုးကားရားနိုင်ကြပြီး မည်သို့မည်ပုံ ထိုအခြေအနေသို့ ဆိုက်ရောက်လာမှန်းကို သူ တွေးကြည့်လို့ရသည်။

အားသွမ့်က သူတို့ဆီ အအေးပုလင်း လာပေးမည်။ သူ ပြန်ရောက်လျှင် အားရဝမ်းသာစွာဖြင့် အားမုန့်ကို ထိုသို့ ဖောက်သည်ချမည်။

" ရွှီကောနဲ့ စကားပြောနေတဲ့ အိုမီဂါက အလှပဂေးလေး၊ သူ့ အနံ့လေးဆိုလည်း အရမ်းကို ကောင်းတာပဲ "

သို့နှင့် အားမုန့်က ပြန်ပြောမည်။

" အိုး၊ ဟုတ်လား၊ ငါလည်း သွားကြည့်ဦးမှ "

ပြီးလျှင် သူတို့ဆီ ရေတဘူးနှင့် ရောက်လာလိမ့်မည်။

အားမုန့်က တဖန် နျင်ဇီကို ပြန်ဖောက်သည်ချမည်။

" ရွှီကောနဲ့ စကားပြောနေတဲ့ အိုမီဂါက ချောချက်ပဲ၊ သူ့ အနံ့လေးက အရမ်းကို ကောင်းပြီး အရသာရှိမဲ့ပုံလေး "

နျင်ဇီက " ကျွန်တော်လည်း တွေ့ချင်တယ် " ဟု ဆိုလာပြီး သူတို့ဆီ ရေဘူးတွေ ထပ်လာပို့လိမ့်မည်။

ဒီလိုနှင့်ပင် ရှိနေသည့် အယ်လ်ဖာအားလုံးလိုလိုမှာ ဖုရှောင်ယွီ၏ ပုံစံကို မြင်ဖူးသွားကြတော့သည်။

သူတို့လုပ်ပုံက အတော့်ကိုပင် ရယ်ရွှင်ဖွယ်ရာဖြစ်နေ၏။

ဤသို့ပင် သူ တွေးမိသည်။ တစ်ဖက်တွင်မူ ထိုသူတွေသည် ဖုရှောင်ယွီ၏ ကိုယ်ရည်ကိုယ်သွေးက မည်မျှ နှစ်လိုဖွယ်ရာ မကောင်းမှန်း သိကြသူတွေ မဟုတ်။ ထို့အပြင် ဖုရှောင်ယွီကကော သူတို့ တဖွဖွ ပြောနေသလောက် ချောမောနေတာ ဟုတ်လို့လား။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now