(၆၂)

4.7K 648 20
                                    

Unicode



ဤရက်ပိုင်းအတွင်း ဖုကျင့် အလွန် အလုပ်များနေသည်။

တလောတုန်းက ထန်နျင်၏ သူငယ်ချင်းတယောက်အိမ်တွင် ကြောင်သားပေါက်လေးတွေ မွေးပြီး ယခုအခါ လေးလနီးပါးပင် အရွယ်ရောက်လာကြပြီဖြစ်သည်။ ထန်နျင်က သူ့ကို မွေးကြည့်​ချင်လားဟု မေးလာသည့်အချိန် အနည်းငယ် ချီတုံချတုံဖြစ်လိုက်သေးသော်လည်း နောက်ဆုံးတော့ တကောင်ယူလိုက်သည်။

ဖုရှောင်ယွီ တခါ ခေါ်လာဖူးသည့် ကြောင်ကဲ့သို့ ဈေးကြီးသည့် မျိုးစိတ်မဟုတ်သော်လည်း ခေါင်းလုံးလုံး၊ မျက်နှာဝိုင်းဝိုင်းနှင့် တက်ဘီကြောင်လေးဖြစ်ကာ ဖုကျင့်က "တပန်း" ဟု အမည်ပေးထားသည်။ ထန်နျင် ကျောင်းသွားပြီဆိုလျှင် သူ တယောက်တည်း အိမ်မှာ အမြဲ ပျင်းကျန်ခဲ့သည်ကြောင့် ကြောင်လေး တကောင်လောက်ရှိသည်ကလည်း မဆိုးချေ။

ဖုကျင့်မှာ တခါမှ ကြောင်မမွေးဖူး၍ တပန်းကို မွေးမြူရသည့်အခါ စိုးရိမ်စိတ် ဝင်မိသလို တချိန်တည်းမှာပင် ပျော်လည်း ပျော်ရွှင်မိပြီး ဖုရှောင်ယွီဆီ ကြောင်ပုံတွေပင် အမြောက်အများ ပို့ပေးလိုက်သေးသည်။

ဖုရှောင်ယွီသည် တပန်းကို အတော်လေး စိတ်ဝင်စားပါသည့်တိုင် ဖုကျင့်က ဝမ်ရှောင်ရှန်းအကြောင်း မေးလာသည့်အခါတွင်မူ ချက်ချင်း စိတ်မသက်မသာ ဖြစ်လာသည်။ သူသည် သူ့ သဘောထားကို တိုက်ရိုက်ပင် ထုတ်ပြောလိုက်၏။

" ကျွန်တော် ကြင်ဖက် တွေ့ဖို့ မလိုဘူး၊ မလုပ်ချင်ဘူးလို့လည်း ငြင်းထားပြီးသား၊ နောက်တခါ ဘယ်သူနဲ့မှ ထပ်မိတ်ဆက်မပေးနဲ့တော့ "

ဖုကျင့်သည် စိတ်ပျက်သွားပါသည့်တိုင် ဘာမှ ဆက်မပြောတော့ဘဲ ငြိမ်နေလိုက်ပြီးမှ ထန်နျင်ကို ဝမ်အိမ်ဘက် စနည်းနာခိုင်းလိုက်၏။

အပြန်ပြန် အလှန်လှန်မေးမြန်းကြည့်ရင်းနှင့် တဖက်ကလည်း ကြင်ဖက်တွေ့သည့် ကိစ္စအပေါ် သိပ်အလေးအနက်မထားမှန်း သိလိုက်ရသည်။ သို့သော် ရက်အနည်းငယ်အကြာတွင် ဝမ်မိသားစုထံမှ ဖုကျင့် ခပ်ရေးရေး သိလိုက်သည်မှာ "ဖုရှောင်ယွီထံတွင် အယ်လ်ဖာချစ်သူတယောက် ရှိနေပြီ" ဟူ၍။ ဤတွင် အချိန်အတော်ကြာအောင် မျိုသိပ်ထားခဲ့ရသည့် ဒေါသတွေသည် သူ့ ငယ်ထိပ်သို့ တက်ဆောင့်တော့သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now