(၇၆)

4.2K 593 26
                                    

Unicode


ဝမ်းခေါ့က ဟန်းကျန်းခေါ့ကို ပွေ့ဖက်ထားလိုက်သည့်နည်းတူ ဖုရှောင်ယွီသည်လည်းပဲ ရွှီကျားလဲ့နှင့် ဟန်ကျန်းခေါ့ အကြားတွင် ဝင်ထိုင်လိုက်ကာ အယ်လ်ဖာနှစ်ယောက်ကို လုံး၀ ခွဲခြားထားလိုက်သည်။

တဖက်ရှိ ဟန်ကျန်းခေါ့မှာမူ ရွှီကျားလဲ့က သူ့ ဘီးတပ်ကုလားထိုင်ကို အသာလေး တွန်းလိုက်ရုံနှင့် ဟန်ချက်ပျက်သွားရခြင်းအပေါ် အရှက်ရလို့ မဆုံးနိုင်သေး။ သူ တန်ပြန် မတိုက်ခိုက်လိုက်ရခင်မှာပင် ဝမ်းခေါ့က သူ့ကို လူတိုင်းအရှေ့တွင် ပွေ့ဖက်ထားလိုက်ပြီး ပြဿနာကို အဆုံးသတ်လိုက်သည်။

ဟန်ကျန်းခေါ့မှာ ရိုးရှင်းစွာပင် ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်ပြီး စိတ်ဓာတ်ကျသွားသည့် အမူအရာဖြင့် ခေါင်းကို ငုံ့ထားကာ ထမင်း ဆက်စားနေလိုက်သည်။

" ရွှီကျားလဲ့၊ ငါ သိချင်လို့ပါ၊ မင်းနဲ့ ဖုရှောင်ယွီ ဘယ်လိုလုပ်ပြီး တွဲဖြစ်သွားကြတာလဲ၊ မင်း ငါ့ကို တခါမှတောင် မပြောဖူးဘူးလားလို့ "

ဝမ်းခေါ့က စကားကို အစပြုလိုက်သည်။ သူ့ အယ်လ်ဖာ စိတ်ပူနေရသည့် အကြောင်းအရင်းကို သေချာပေါက် သိသည်ဖြစ်၍ ဟန်ကျန်းခေါ့ကိုယ်စား ထုတ်မေးလိုက်ခြင်းပင်။

ဝမ်းခေါ့၏ အမေးကို ကြားသည်နှင့် ရွှီကျားလဲ့မှာ ပို၍ပင် ဘွင်းဘွင်းကြီး ပြောလာတော့၏။ သူက ချောင်းတချက်ဟန့်ပြီး လည်ချောင်းရှင်းလိုက်ကာ ဇာတ်ကြောင်းပြန်သည်။

" တို့တွေ ဆေးရုံမှာတုန်းက တခါဆုံကြသေးတယ် မဟုတ်ဘူးလား၊ အဲ့ဒီချိန်တုန်းကတော့ ဖုရှောင်ယွီ ရုတ်တရက်ကြီး Heat ဝင်သွားတာကို အကူအညီပေးရုံပဲ ရှိသေးတာ၊ အဲ့ကိစ္စပြီးတာနဲ့ ငါတို့တွေ အရင်အတိုင်း သာမန်လုပ်ဖော်ကိုင်ဖက်တွေလိုပဲ ဆက်ဆံသွားကြဖို့ သဘောတူခဲ့ကြတယ်၊ ဒါပေမဲ့ သိပ်မကြာလိုက်သေးခင်မှာပဲ ဟန်ကျန်းခေါ့ ပြဿနာပေါ်လာတယ် "

" အဲ့တုန်းက ဖုရှောင်ယွီခမျာ အတော်လေးကို စိတ်မကောင်းဖြစ်ခဲ့ရတာ၊ ဒါပေမဲ့လည်း IM Group ကို စီမံဖို့ အတွက် B မြို့မှာ နေနေခဲ့ရတယ်၊ အဲ့အတောအတွင်း သူ့မှာ မျက်လုံးတွေတောင် ချောင်ကျသွားပြီး လူကလည်း လဲကျတော့မဲ့အတိုင်း ဖြစ်သွားတာ၊ နောက်တော့ ခွင့်ရက်ရှည် ယူပြီး သူ့ မွေးရပ်မြေကို ပြန်သွားတယ်၊ တိုက်တိုက်ဆိုင်ဆိုင် ငါကလည်း အဲ့ချိန်  နိုင်ငံခြားသွားဖို့ရှိနေတော့ ငါ့အိမ်က ကြောင်ကို ခဏထားခဲ့ဖို့ လိုတာနဲ့ သူ့ မွေးရပ်မြေကို လိုက်သွားပြီး ကြောင်ကို သွားပို့ရာကနေ မကြာခဏ ဆက်သွယ်ဖြစ်လာတယ် "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now