(၅၄)

3.2K 441 13
                                    

Unicode

ခန္ဓာကိုယ်က သွယ်သွယ်လျလျရှိသည့် အားလျော်စွာ ​ဖုရှောင်ယွီ၏ ခြေဖမိုးပေါ်ရှိ အရေပြားသည်လည်း ပါးလွှာပြီး စိမ်းပြာနုရောင် သွေးကြောများကို ရေးတေးတေး တွေ့မြင်နေရသည်။ သေးသွယ်ပါသည့် ခြေဖဝါးလေးတွင်ပင် မှဲ့နီလေး သုံးလုံး ရှိနေ၏။

" ဒီမှာတင်ကို သုံးလုံးတွေ့နေရပြီ၊ မင်း သိလား "

ရွှီကျားလဲ့က မေးလိုက်သည်။

" သိတယ် "

ဖုရှောင်ယွီက ယုံကြည်မှုအပြည့်နှင့် ပြန်ဖြေသည်။ သူက ခြေသည်းများကို ကိုယ်တိုင်ကိုယ်ကျ ပုံမှန်ဖြတ်တောက်လေ့ရှိပြီး တော်ရုံလူတွေထက် သူ့ခန္ဓာကိုယ်အလှကို ပိုဂရုစိုက်သည်။

ရွှီကျားလဲ့ ပြုံးလိုက်သော်လည်း စိတ်ဓာတ်ကျသွားပုံတော့ မရှိ။ သူ၏ လက်ချောင်းများက ခြေသလုံး တလျှောက် ပြေးလွှားလို့နေပြီး အနီရောင်မှဲ့လေးကို တခါဖြတ်လိုက်မိတိုင်း ခေတ္တမျှ တန့်သွားပြီး ရေတွက်သည်။

" ခုနစ်၊ ရှစ် "

သူသည် ရေတွက်သွားရင်းက ဖုရှောင်ယွီ၏ ပေါင်အတွင်းပိုင်း တနေရာဆီ ရောက်သည့်အခါ ချုပ်တည်းမထားနိုင်တော့ဘဲ ရုတ်တရက်ပင် ပေါင်သားနုနုကို လက်ချောင်းများဖြင့် ဆုပ်နယ်လိုက်ကာ တိုးတိုးလေး ဆိုလိုက်သည်။

" ကိုး "

ဖုရှောင်ယွီမှာ အနည်းငယ်မျှ ထိတ်ခနဲဖြစ်သွားသည်။ ဤသည်မှာ သူ ထင်သည်ထက် အမှန်တကယ်ကို ကြီးမားသည့် ကိန်းဂဏန်းဖြစ်နေသည်။

ဆုပ်နယ်ခံလိုက်ရခြင်းကြောင့် နာကျင်မှုနှင့်အတူ သူတို့၏ ဂိမ်းပုံစံက  တဖြည်းဖြည်း မှန်းဆ၍မရသည့် အနေအထားသို့ ရောက်ရှိလာပြီး သူ့ကို မဆိုစလောက်လေး စိတ်ရှုပ်ထွေးသွားစေသည်။

" ကိုယ့်ကို လက် ပေးဦး "

ရွှီကျားလဲ့၏ ညွှန်ကြားချက်အတိုင်း နာခံစွာဖြင့် ဖုရှောင်ယွီက သူ့ လက်ကို အယ်လ်ဖာ၏ ဆန့်ထားသည့် လက်ဖဝါးပေါ် တင်ပေးလိုက်သည်။

မှဲ့တလုံးချင်းစီ ထောက်သွားရင်းက ရွှီကျားလဲ့ မျက်နှာပေါ်တွင် အပြုံးခပ်ရေးရေး ထင်နေကာ အမြတ်တနိုး ရေတွက်နေသည်။ အိုမီဂါသည်လက်သည်းလေးများကအစ ညီညာချောမွေ့နေအောင် တိဖြတ်ထား၍  အလွန်လှပသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now