Unicode
ရွှီကျားလဲ့ စိတ်ကောက်သွားမှန်း ဖုရှောင်ယွီ ခံစားမိသည်။
ထို့အပြင် သူ စိတ်ကောက်နေသည်ကို မသိမသာလေးနှင့် ဝေ့ဝိုက်ပြီးတော့လည်း ပြချင်ဟန်ရှိသည်။
ဥပမာအားဖြင့် သူက "အကုန် ရီပို့တင်" ဟု ပြောထားသည့် မက်ဆေ့ချ်ကို ချက်ချင်း အကြောင်းမပြန်ဘဲနှင့် ညဉ့်နက်မှ လုပ်ငန်းစဥ်ဇယားကို ပို့လာသည်မျိုး။
ဖုရှောင်ယွီ၏ အမြင်အရ အနှီဇယားသည် အပျော်တမ်း အဆင့်မျှသာရှိပြီး ဝမ်ရှောင်ရှန်း ဆွဲထားသည့် ဇယားတွေနှင့်ယှဥ်လျှင် အဆပေါင်းများစွာ ညံ့ဖျင်းနေသေးသည်။ မည်သို့ပင်ဆိုစေကာမူ ဇယားတွင်ပါဝင်သည့် အစီအစဉ်များကိုတော့ သူ မကျေမနပ်ဖြစ်မိတာ မရှိချေ။
နောက်ဥပမာတခုမှာ ရွှီကျားလဲ့ သူ့ဆီ မက်ဆေ့ချ်ပို့တာတွေ နည်းသွားတာပင်။
မနက်ခင်းနှုတ်ခွန်းဆက်သည့် စာတိုများကို အစဥ်အလာမပျက် ပေးပို့နေမြဲဖြစ်သော်ငြား ထိုနောက်ပိုင်း သူ ဘာလုပ်မည်၊ ဘယ်သွားမည် စသည်မျိုးကို အစီရင်ခံခြင်း မပြုတော့။
နောက်ဆုံးပို့ထားသည့် စာကို ဖုရှောင်ယွီ အသေအချာ လေ့လာကြည့်သည်။
" မင်း တခုခု အဆင်မပြေတာရှိရင် ကိုယ့်ကို အသိပေးဦးနော် "
ဆိုလိုသည်က - အဆင်မပြေတာ မရှိဘူးဆိုရင် ဘာစာမှ မပို့လည်းရတယ်ပေါ့။
ဖုရှောင်ယွီ၏ မျက်လုံးတွေသည် အန္တရာယ်ရှိစွာ မှေးကျဉ်းသွားကြသည်။
သူ တကယ်ကိုပဲ နေရတာ အဆင်ပြေနေသလို ညတုန်းကလည်း ကောင်းကောင်း အိပ်ပျော်ခဲ့သည်။ မနက်အိပ်ရာနိုးနိုးချင်း Inhibitor မထိုးရသေး၍ သူ့ စိတ်ထဲ ထူးဆန်းသည့် အတွေးတွေ ခဏတဖြုတ် ဝင်လာတာလောက်ပဲရှိသည်။
ထို့ကြောင့်ပင် ဖုရှောင်ယွီသည် ရွှီကျားလဲ့ကို ပို၍ ဒေါသထွက်လာ၏။
ဟမ့်၊ ရတယ်၊ ဘာမက်ဆေ့ချ်မှ ပို့မနေဘူး။
DingTalk ချက်ဘောက်ဆီမှ ဖတ်ပြီးကြောင်း ပြပြီး ပြန်စာမရှိခြင်းကို ကြည့်ခြင်းအားဖြင့် အသံတိတ်စစ်ပွဲ ဆင်နွှဲနေကြကြောင်း ဖော်ပြနေ၏။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ