(၂၄)

6.3K 661 43
                                    

Unicode

ဖုရှောင်ယွီမှာ ရွှီကျားလဲ့၏ လက်ထဲတွင် အချိန်အတော်ကြာသည်အထိ တုန်ယင်နေသည်။

စကားတလုံးသော်မျှ မဆိုနိုင်၊ ထိုအတိုင်းသာ အဆုံးမရှိ တုန်ယင်လို့နေ၏။

" ပြီးပြီ "

အယ်လ်ဖာက သူ့ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး သူ့ လည်ပင်းနောက်ဘက်ရှိ တဖြည်းဖြည်း အရောင်ကျလာပြီဖြစ်သည့် ဂလင်းကို အသာအယာ ပွတ်သပ်ပေးနေရင်းက တိုးတိုးလေး ​ဆိုနေသည်။

" ပြီးသွားပြီ၊ အဆင်ပြေသွားတော့မှာ၊ နော် "

ဖုရှောင်ယွီ ဘာမှ မပြောသည့်တိုင် ရွှီကျားလဲ့က နားလည်ပုံရသည်။

သူသည် မိမိကိုယ်ကိုယ် အတော်လေး သတ္တိကောင်းသည်ဟု အမြဲမှတ်ယူထားခဲ့တာပင်။

ရွှီကျားလဲ့ကို ခေါ်ဖို့ ဆုံးဖြတ်ခဲ့သူမှာ သူကိုယ်တိုင်ဖြစ်ပြီး “ကျွန်တော် စဥ်းစားထားပြီးပြီ” ဟု ပြောခဲ့သူမှာလည်း သူကိုယ်တိုင်ဖြစ်ကာ အနှီသူအား သူ တခါမှ မမြင်တွေ့ဖူးခဲ့သည့် ရှုခင်းတွေကို လိုက်လံပြသပေးစေချင်ခဲ့သည်။

သို့ပါလျက်နှင့် ယခုကဲ့သို့သော အခိုက်အတန့်တွင်မူ သူ ကြောက်ရွံ့နေမိကြောင်း သတိပြုမိသွားရသည်။

သူသည် ဟန်ကျန်းခေါ့ကို နှစ်ပေါင်းများစွာ လိုက်ခဲ့ရသည်။ အထောက်အပံ့ပြုနေသည့် တလျှောက်လုံးတွင်လည်း ဖုကျင့်က သူ့ဆီ ရံဖန်ရံခါ ဖုန်းဆက်လာတိုင်း ဟန်ကျန်းခေါ့နှင့် အိပ်လိုက်ပြီလားဟူ၍ မေးတတ်သည်။

ဤသည်မှာ အိမ်ထောင်မပြုရသေးခင် သူ့ခန္ဓာကိုယ်အား ပေါ့ပေါ့တန်တန် မပေးအပ်ရသေးတာ သေချာစေရန် ​အတည်ပြုချင်တာဖြစ်ပါ၏။ 

ဖုရှောင်ယွီမှာ သန်မာပြီး အမှီအခိုကင်းသည့် ပုံမျိုးရှိသည့်တိုင် တကယ်တန်းတွင် ငယ်စဥ်က ကြမ်းတမ်းစွာ ပုံသွင်းခံခဲ့ရမှုက သူ့ အနောက်တွင် အရိပ်လို အမြဲလိုက်ပါနေခဲ့သည်။ သူသည် တခါလေးသော်မျှ ဖုကျင့်၏ ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်နိုင်ခဲ့သည်မှာ ယခုဖြစ်ရပ် မတိုင်ခင်အထိပင်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now