အချပ်ပို (၃)

3.1K 424 12
                                    

Unicode

ချော့စရာ မလိုဘူး

" ရွှီကျားလဲ့၊ ဒါလေး လာကူပေးပါဦး "

ဟော့ပေါ့ စားလို့ ပြီးခါနီးအချိန်တွင် ဖုကျင့်မှာ ဆက်အောင့်အီးမနေနိုင်တော့၍ ရွှီကျားလဲ့ကို ခေါ်ကာ မီးဖိုခန်းဘက်ဆီ ဦးတည် ထွက်သွားလိုက်သည်။

ကိစ္စကို တိုးတိုးတိတ်တိတ်ပဲ မေးမြန်းကြည့်ဖို့ သူ ဆုံးဖြတ်ထားသည်။ သူတို့ စားသောက်နေစဥ် တလျှောက်လုံးတွင်လည်း သူ၏ ခံစားချက်ကို အရိပ်အယောင်မျှပင် မဖော်ပြဘဲ စကားတပြောပြော၊ ရယ်ကာမောကာနှင့်ရှိသည်။ အများဆုံးဆို၍ ရွှီကျားလဲ့ ခါတိုင်းလိုပင် ဖုရှောင်ယွီ စားဖို့အတွက် ပုဇွန် အခွံခွာပေးလား၊ မပေးဘူးလားဆိုသည်ကို စောင့်ကြည့်မိရုံမျှသာ။

" ဟုတ် "

ရွှီကျားလဲ့က ပြန်တုံ့ပြန်လိုက်သော်လည်း ချက်ချင်း ထလိုက်မသွားသေးဘဲ စားပွဲပေါ်က ပန်းကန်တွေကို အရင်ရှင်းနေရင်း ခဏမျှ စဉ်းစားကြည့်လိုက်သည်။ ဖုကျင့်က သူ့ကို ခါတိုင်းလို "ရှောင်ရွှီ" မဟုတ်ဘဲ "ရွှီကျားလဲ့" ဟူ၍ နာမည်အပြည့်အစုံ သုံးပြီး ခေါ်လိုက်သည်။

အတွေးနှင့်အတူ ရွှီကျားလဲ့၏ အာရုံက ချက်ချင်းပင် နိုးကြားလာသည်။ သူက ဘေးမှာ ထိုင်နေသည့် ဖုရှောင်ယွီကို တချက်မျှ ကြည့်လိုက်သည်။ အိုမီဂါကလည်း သူ့ကို ကြည့်နေပုံရကာ ထိုခဏမှာပင် မျက်လုံးချင်း ဖျတ်ခနဲ ဆုံသွားပြီး အနှီသူသည် ခေါင်းကို အမြန်ပြန်လှည့်သွား၏။

နှစ်စက္ကန့်မျှအကြာတွင် ရွှီကျားလဲ့ကို မကြည့်ဘဲ စားပြီးသား ပန်းကန်လုံးကို သူ့ လက်ထဲ တန်းထည့်ပေးလာသည်။ ဤသည်မှာ ဖုရှောင်ယွီ တခုခု မဟုတ်တာ လုပ်ထားလျှင် ဖြစ်တတ်သည့် အမူအရာပင်။

ဖုရှောင်ယွီ၊ မင်း အရမ်း တတ်နေတယ်ပေါ့လေ။

မင်း မဟုတ်မှ၊ မင်း အဖေကို တိုင်ထားတယ်မလား။

ရွှီကျားလဲ့၏ မျက်လုံးတွေ ဖျတ်ခနဲ လက်သွားသည်။ သူသည် အသက်ပြင်းပြင်းတချက်မျှရှူကာ မီးဖိုခန်းဘက်ဆီ လျှောက်သွာ​လိုက်ပြီး ဖုကျင့်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now