အချပ်ပို (၇)

2.8K 352 3
                                    

Unicode

ကိုယ်ဝန်ဆောင်ခြင်း -

ညနှောင်းပိုင်းအချိန်။

ရေချိုးခန်းထဲရှိ ဝါကျင့်ကျင့်မီးရောင် ခပ်နွေးနွေးက လေထုကို ပိုမိုညင်သာသွားစေသည့်အပြင် စိတ်အစဥ်ကိုပါ မပြတ်မသား ဖြစ်စေသလို။

တဖွားဖွားကျနေသည့် ရေပန်းအောက်တွင်မူ အကြင်သူနှစ်ဦးသားမှာ တဦးကို တဦး တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားရင်းက တီးတိုးစကားဆို​နေကြသည်။ ရွှီကျားလဲ့သည် လက်တဖက်ဖြင့် ဖုရှောင်ယွီ၏ ခါးကို ထွေးပတ်ထားပြီး အဖြူရောင်အမြှုပ်များ ဖုံးအုပ်ထားသည့် ကျန်လက်တဖက်မှာ အိုမီဂါ၏ ပြည့်တင်းပါသည့် ဖင်လုံးတလျှောက် မသိမသာ ရွှေ့ဆင်းသွားသည်။

ဖုရှောင်ယွီသည် ရွှီကျားလဲ့၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားကာ မလှုပ်မယှက်ရှိနေသည်။ အနှီအိုမီဂါသည် ရွှီကျားလဲ့၏ ကြင်နာယုယမှုနှင့် ဂရုစိုက်မှုတို့ကို သူကိုယ်တိုင်ပင် မသိလိုက်ပါဘဲ ကျင့်သားရနေခဲ့ပြီဖြစ်ပါ၏။ ရွှီကျားလဲ့ ရေချိုးပေးသည့်အခါတိုင်း ဖုရှောင်ယွီသည် သူ၏ အပြုအစုအယုအယကို နောကျေနေသကဲ့သို့ မည်သည့် လှုပ်ရှားမှုမှမရှိတော့ဘဲ ပျင်းရိလေးတွဲ့စွာဖြင့် အရိုးမရှိတော့သလို လူကို မှီပြီးတော့သာနေသည်။

" ကျွန်တော် ဘာတွေ တွေးနေမှန်း ကိုယ့်ဘာသာကိုယ်တောင် မသိဘူး … "

အဝတ်ဗလာနှင့် ဖုရှောင်ယွီသည် ရွှီကျားလဲ့၏ လည်ပင်းကို မလှုပ်မယှက် ရစ်ပတ်ထားသည်။ သူက ရွှီကျားလဲ့ နားနားကပ်ကာ တီးတိုးဆို​နေရင်း အနည်းငယ် စိတ်မသက်မသာဖြစ်နေသည့် လေသံဖြင့် ဆက်ပြောသည်။

" ကျွန်တော့် အဖေနဲ့ သဘောတူပြီးနောက်ပိုင်း အဲ့ကိစ္စကို တွေးလိုက်မိတာနဲ့ စိတ်ကသိကအောက်ဖြစ်ရတယ် ... ကျွန်တော် အဲ့တာကြီးကို ရင်မဆိုင်ချင်ဘူး "

" ကလေး မယူချင်တာလား "

ရွှီကျားလဲ့၏ လက်ချောင်းများက သူ့ တင်ပါးအဟကြောင်းလေးထဲ ဖြည်းညင်းစွာ တိုးဝှေ့နေလျက် အသံတိုးတိုးဖြင့် မေးလာသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now