(၈)

4K 622 29
                                    

Unicode



ရွှီးကျားလဲ့ နီးကပ်လာသည်နှင့် တပြိုင်နက် ဖုရှောင်ယွီ အနား ရစ်ဝဲနေကြသည့် အယ်လ်ဖာတွေခမျာ လွန်စွာ စိတ်မသက်မသာဖြစ်စေသည့် ဖိအားတခုကို ခံစားလိုက်ကြရသည်။

A အဆင့် အယ်လ်ဖာတွေသည် အ​များအားဖြင့် လွှမ်းမိုးခြယ်လှယ်နိုင်စွမ်း မြင့်မားပြီး ရွှီကျားလဲ့၏ ဖယ်ရိုမုန်းက ပူရှိမ်းအနံ့ဖြစ်သည်။

သီအိုရီအရ ထိုရနံ့သည် အပျော့စား ဆေးဖက်ဝင်အပင် မျိုးစိတ်အောက်တွင် ရှိသည်ဆိုသော်လည်း စိတ်လှုပ်ရှားတက်ကြွနေချိန်မျိုးတွင် ခပ်စူးစူးရနံ့ကို ထုတ်လွှတ်တတ်ပြီး မျိုးရင်းဝင်အပင်များကြား အပြင်းထန်ဆုံးသော ဖယ်ရိုမုန်းမျိုးဖြစ်သည်။

အယ်လ်ဖာများအကြား ယှဥ်ပြိုင်တိုက်ခိုက်လိုစိတ်သည် တိရိစ္ဆာန်တွေနှင့် အတူတူပင်။ သို့ဖြစ်ရာ လူပျိုလှည့်သည့် အခါမျိုးတွင် A အဆင့် အယ်လ်ဖာတယောက် ဝင်ရောက်လာပြီဆိုသည်နှင့် အခြားအဆင့်နိမ့် အယ်လ်ဖာများသည် သေချာပေါက် သတိထားကာ အကဲခတ်စောင့်ကြည့်ရတော့မည် ဖြစ်ပါ၏။

ဖုရှောင်ယွီသည်လည်း သဘာဝအလျှောက် ရွှီကျားလဲ့၏ ပူရှိမ်းရနံ့ ဖယ်ရိုမုန်းကို ခံစားမိသည်။

" ကျွန်တော့်ကို စိတ်ပူစရာ မလိုဘူး "

သို့ကလို တိုတောင်းလှသည့် စကားကို ဆိုပြီးသည်နှင့် ထိုနေရာမှ လှည့်ကာ တခြားနေရာတခုတွင် သွားကဖို့ပြင်သည်။

ချွေးတွေ ရွှဲရွှဲစိုလျက် ခုတင် အကထဲ ဈန်ဝင်နေသူသည် ရွှီကျားလဲ့ကို တွေ့လိုက်သည်နှင့် တပြိုင်နက် မျက်နှာအမူအရာက အေးစက်လို့သွားပြီး အပြုအမူကလည်း သူစိမ်းဆန်လွန်းလှသည်။

" ဘယ်သွားဦးမလို့လဲ "

ရွှီကျားလဲ့သည် ဖုရှောင်ယွီကို တားဖို့ လေးတွဲ့စွာဖြင့် လက်ကို ဆန့်ထုတ်လိုက်၏။

တခြားအယ်လ်ဖာတွေနှင့် အကွာအဝေးတခု ခြားလိုက်သည့်တိုင် သူသည် ဖုရှောင်ယွီ၏ ခါးကိုမူ သွားမထိပေ။

" ငါလည်း ဟန်ကျန်းခေါ့ကြောင့်သာ မဟုတ်ရင် ဒီနား လာချင်တာ မဟုတ်ဘူး၊ သူ ပြောတာ အမြဲ မင်းနဲ့ တွဲကပေးနေကျမို့ မင်း တယောက်တည်းရှိနေရင် စိတ်မချလို့တဲ့၊ အာ့ကြောင့် မင်းနားမှာ စောင့်ကြည့်နေပေးဖို့ ပြောလို့ လာနေတာ "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now