(၃)

5.7K 776 19
                                    

Unicode

ညက တဖြည်းဖြည်း နက်လာသည်။ ဖုရှောင်ယွီ တယောက်တည်း ကားထဲ ခဏမျှ ထိုင်နေလိုက်၏။

သူသည် အလွန်ထိရောက်သော်လည်း ဘေးထွက်ဆိုးကျိုး ပြင်းထန်သည့်  အစွမ်းထက်ဆုံး Inhibitor ကို အသုံးပြုနေခဲ့တာပင်။ ဆေးရုံဆေးခန်းများသည် ပုံမှန်အားဖြင့် ဖီရိုမုန်း လယ်ဗယ်နိမ့်သည့် အိုမီဂါများကို ထိုကဲ့သို့ အားပြင်းသည့် ဆေးညွှန်း ပေးလေ့မရှိ။

ဖုရှောင်ယွီလို A အဆင့် အိုမီဂါပင်လျှင် တနေ့တည်း သုံးကြိမ်ထိုးရသည့် ရက်မျိုးတွင် ခေါင်းမူးပြီး မအီမသာ ခံစားရသည်။

ယခုပင်လျှင် ဆေးထိုးပြီးခါစဖြစ်၍ နေလို့ထိုင်လို့ မကောင်း။ အနားမှာလည်း မည်သူမျှ မရှိတော့တာကြောင့် စိတ်ကို အနည်းငယ် လျှော့လိုက်ပြီး ကော်လာ ကြယ်သီးနှစ်လုံးကိုပါ ဖြုတ်လိုက်သည်။ ထို့နောက် စတီယာရင်ပေါ် မှောက်ချလိုက်ကာ မျက်လုံးတွေကို မှိတ်ထားလိုက်၏။

ဝေဒနာက ဆိုးရွားလွန်းလှသည်။

ခက်ခက်ခဲခဲ ပြင်းပြင်းထန်ထန် ခံစားရသည့် နာကျင်မှုကို Inhibitor က တားဆီးပေးသော်လည်း သူ့ မျိုးပွားအင်္ဂါအတွင်း၌မူ တစုံတခုဖြင့် ထိုးမွှေခံနေရသည့်အလား စူးရှပူလောင်နေပြီး လူကို ဒုက္ခပေးလှသည်။

သူသည် ဆယ့်လေးနှစ်သားအရွယ်တွင် အိုမီဂါအဖြစ် ကွဲပြားခဲ့သည်ဖြစ်ရာ ဒါသည် သူ၏ အကြိမ်တရာ့သုံးဆယ်မြောက် ဝေဒနာဒဏ်ကို ဖြတ်သန်းရခြင်းဖြစ်ပေမည်။ သူသည် တမင်တကာကိုပင် Heat ကာလ ရောက်ရှိမည့် ရက်အပိုင်းအခြားကို အတိအကျ တွက်ချက်မထားသလို အမြဲတမ်းလိုလို တယောက်တည်း ဖြတ်သန်းခဲ့ရသည်။ ထို့ကြောင့်ပင် သူ့အတွက် ပုံမှန်အတိုင်းဖြစ်နေကာ ထိုကိစ္စကြောင့်နှင့်လည်း အလုပ်ကို နှောင့်နှေးမကြံကြာစေလိုပေ။

ပြီးခဲ့သည့် နှစ်နှစ်လောက်ကမူ Heat ကာလကို ဖြတ်သန်းရချိန်တိုင်း သူ့ ခန္ဓာကိုယ်က မသက်မသာခံစားလာရပြီး ဤသည်က တဖြည်းဖြည်းချင်း ရက်စိတ်လာသည်။

သူသည် အယ်လ်ဖာတယောက်ကို လိုအပ်နေပြီဖြစ်ကြောင်း ခန္ဓာကိုယ်က အသိပေးနေသည့်နှယ်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now