Unicode
" ကျွန်တော့်ကို ပုလွေ ဘယ်လို မှုတ်ရမယ်ဆိုတာ သင်ပေးစေချင်တယ် "
ထိုစကားကို ကြားလိုက်ရသည့် အခိုက်အတန့် ရွှီကျားလဲ့မှာ မသက်သာပါဘဲ မျက်နှာကျက်ကို မော့ကြည့်ကာ အသက်ပြင်းပြင်း ရှိုက်ရှူမိရသည်။ အနှီစကားတခွန်း၏ နှိုးဆွနိုင်စွမ်းမှာ သူ့ အမြီးကို လက်နှင့် ဆုပ်ကိုင်ခံထားသည်ထက်ပင် ကြီးမားသေး၏။
ဖုရှောင်ယွီနှင့် အတူရှိစဉ်တလျှောက်လုံး သူ တခါမျှ ထိုသို့သော အတွေးမျိုး မဝင်ခဲ့ဖူးကြောင်း ငြင်းမည်ဆိုပါလျှင် ဤသည်က လိမ်ညာနေခြင်းသာ။ ဖုရှောင်ယွီက သူ့ ခြေထောက်ကြား ဒူးထောက်ကာ သူ့ လိင်တံအား စုပ်ယူနေသည့် ပုံရိပ်ကို ဖျတ်ခနဲ စိတ်ကူးယဉ်ကြည့်မိရုံနှင့်တင် တိတ်တခိုး ပျော်ရွှင်မှုမျိုးကို ပေးစွမ်းနိုင်၏။
သူ ကိုယ်တိုင်ပင်လျှင် ထိုအတွေးမျိုး တွေးမိပါလျက် ဖုရှောင်ယွီက လုပ်ပေးလိုသည့်အကြောင်း တောင်းဆိုလာချိန်တွင်လည်း ဘယ်တုန်းကမှ သဘောမတူခဲ့ချေ။
အဘယ်ကြောင့်ဆိုပါမူ သူ၏ ကောက်ကျစ်တတ်သည့် ဗီဇကြောင့်ဖြစ်ပါ၏။ သူ့အနေနှင့် ပေးဆပ်ခြင်းသည် လက်ခံခြင်းထက် အမြဲတမ်း အေးချမ်းပြီး ပိုမို လုံခြုံမှုရှိသောကြောင့်။
" ရှောင်ယွီ "
ရွှီကျားလဲ့က အက်ရှစွာဖြင့် ခေါ်လိုက်သည်။
သူ့ဘက်က ရှောင်လွှဲတော့မလို အရိပ်အမြွက်မျှသာ ဖော်ပြရသေးသော်လည်း သူ့ အပေါ် တက်ခွထားသည့် အိုမီဂါသည် တစုံတရာကို ချက်ချင်းဆိုသလို ခံစားလိုက်မိပြီးဖြစ်နေသည်။
" ရွှီကျားလဲ့ "
ဖုရှောင်ယွီသည် ရွှီကျားလဲ့၏ ဦးခေါင်းနား လက်နှစ်ဖက်ဖြင့် ခွထောက်ထားလိုက်ပြီး သားရဲတကောင်က သူ့ သားကောင်ကို ခြိမ်းခြောက်နေသည့်နှယ် မျက်လုံးတွေကို တမင်ကြောက်စရာကောင်းအောင် မှေးစဥ်းထားလျက် စိုက်ကြည့်လာ၏။ သို့သော်ငြား အရက်အရှိန်ကြောင့် အနှီငွေ့ရည်လဲ့နေသည့် အညိုရောင်တောက်တောက် မျက်လုံးဝိုင်းတွေသည် ခြိမ်းခြောက်နိုင်စွမ်း ကင်းမဲ့လို့သွားပြီး ခြေသည်းထုတ်ပြနေသည့် ကြောင်ကလေးနှင့် ပိုတူသွားသည်။
![](https://img.wattpad.com/cover/355973409-288-k745073.jpg)
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ