Unicode
ရွှမ့်ချန်မှ မပြန်မီ ရွှီကျားလဲ့က ဖုရှောင်ယွီကို ကားဖြင့် အိမ်ပြန်ပို့ပေးသည်။ အိမ်အောက်ထပ်နား ရောက်သည့်အခါတွင် ဖုရှောင်ယွီလက်ထဲ ရှအန်းကို လေးနက်သည့် အမူအရာဖြင့် လွှဲပြောင်းပေးလိုက်ရင်း
" ကိုယ့်ရဲ့ မင်းသမီးလေးကို ဂရုစိုက်ပေးပါဦး "
ဖုရှောင်ယွီသည် လေးလံသည့် ကြောင်အိတ်ကို ပွေ့ဖက်ထားရင်းက မစ်ရှင်တခု ပေးအပ်ခံလိုက်ရသလို ခံစားမိသည်။
" ဒါကတော့ မင်းသမီးလေးရဲ့ ပစ္စည်းပစ္စယတွေ "
ရွှီကျားလဲ့က ကားနောက်ခန်း အတွင်းမှ အိတ်တအိတ်ကို ယူထုတ်လိုက်ပြီး
" သူ့ အမွှေးတွေ ဖြီးဖို့ ဘီး၊ လက်သည်းခြစ်တဲ့ ဘုတ်၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ လက်သည်းညှပ်၊ သူ့ အရုပ်တွေနဲ့ အဆာပြေစာတွေ အကုန်ထည့်ပေးထားတယ် "
" အိုကေ "
" ကြောင်သဲ၊ ကြောင်သဲပုံးနဲ့ ကြောင်စာလို လေးတဲ့ဟာတွေကျ ကိုယ် ဆိုင်ကို ဖုန်းဆက်ပြီး လာပို့ခိုင်းလိုက်မယ်၊ အကုန်လုံးက ရှအန်း အကြိုက်တွေချည်းပဲ၊ ကျန်တဲ့ လိုအပ်မယ်ထင်တာတွေ ရှိလာရင် ကိုယ် မင်းကို စာပို့လိုက်မယ် "
ရွှီကျားလဲ့က မှာကြားလို့ မဆုံးနိုင်အောင် ဖြစ်နေသည်။
ဖုရှောင်ယွီမှာ မနေနိုင်တော့၍ ခေါင်းကို တဖက်သို့လှည့်ကာ ပြုံးလိုက်မိသည်။
" ဟေး၊ မင်းက ဘာရယ်တာလဲ "
ရွှီကျားလဲ့မှာ သူ အော်မေးနေသော်လည်း ဖုရှောင်ယွီက ပြန်မဖြေ၍ ထိုအတိုင်း ထားလိုက်ရသည်။
ဟိုလိုလို သည်လိုလိုနှင့် ဝေဝါးချင်စရာ ဤအခိုက်အတန့်အတွင်း သူတို့နှစ်ယောက်အကြား ညလေညင်းက ညင်သာစွာ တိုက်ခတ်လို့နေသည်။
ဖုရှောင်ယွီသည်ကား နောက်ထပ်တဖန် ပြန်လည်ရယ်မောနိုင်ခဲ့လေပြီ။
ရွှီကျားလဲ့မှာ သူ့ နှလုံးသားက ခဏတာမျှ ငြိမ်းအေးသွားသည်ကို ခံစားမိပါသည့်တိုင် ဘာကြောင့် ထိုသို့ဖြစ်ရသည်မှန်း မစဉ်းစားနိုင်အောင်ဖြစ်ရသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ