(၁၀)

6.1K 705 45
                                        

Unicode



သူနှင့် အကျွမ်းတဝင် မရှိသည့် အိုမီဂါ၏ အိပ်ရာထဲ တညတာ လှဲလျောင်းအိပ်စက်ရသည်မှာ ရွှီကျားလဲ့ အတွက်ပင် ထူးဆန်းသည့် အတွေ့အကြုံတခုဖြစ်နေသည်။ ထို့အပြင် ဖုရှောင်ယွီ၏ ဖယ်ရိုမုန်းမှာ အလွန် ချိုအီလွန်းသည်။ ချိုအီလွန်းလှတာမှ လူကို မအီမအသာ ခံစားရစေကာ စိတ်အနှောက်အယှက် ဖြစ်ရသည်အထိ။ 

ထို့ကြောင့်ပင် သူသည် အလွန်အမင်း ချိုအီမွှေးပျံ့နေသည့် စောင်ကို ဘေးသို့ ခွာချထားလိုက်ရပြီး ဖုန်းကို လှမ်းယူကာ “တတိုင်းမွှေး” ဆိုသည့် ပန်း၏ နာမည်ကို ရိုက်ရှာကြည့်လိုက်သည်။ ထိုသို့ရိုက်ထည့်လိုက်သည်နှင့် ကျလာသည့် ပန်းများမှာ အရောင်အစင်း တောက်ပလွန်း၍ သူ့မျက်လုံးများကိုပင် ကျိန်းသွားစေသည်။ ပန်းတွင်သာ မဟုတ်၊ သူ့အရွက်များကလည်း တဖားဖားဖြင့် စိမ်းစိုလှပသည်။

ဤကဲ့သို့ တရားလွန်လှပကာ တောက်ပလွန်းသည့် ပန်းမျိုးသည် သူ၏ အလှတရားစံနှုန်းနှင့် လုံးဝမကိုက်ညီချေ။ ထိုပန်းမျိုးက ချိုအီမွှေးပျံသည့် ရနံ့ထုတ်လွှတ်နိုင်သည်မှာ မထူးဆန်း။

သို့သော် သေသေချာချာလေး ဂရုတစိုက်ကြည့်မိဆိုပါလျှင် အနှီပန်း၏ စရိုက်လက္ခဏာတွေကို ဖုရှောင်ယွီထံတွင် အနည်းငယ်တွေ့ရှိနိုင်မည်ဖြစ်သည်။ ပန်းကလေးသည် တစုံတယောက်၏ မျက်နှာရှေ့ သူ၏ ပွင့်လွှာတွေကို အလှပဆုံး ပွင့်လန်းပြနေရင်းက "ငါလှတယ်ဆိုတာ လက်ခံလား" ဟု မေးနေသယောင်။

ရွှီကျားလဲ့သည် တတိုင်းမွှေး မျိုးစိတ်တွေကို လိုက်ကြည့်နေရင်း ထိုမျိုးရင်းအောက်တွင်ရှိသည့် 'Magnolia liliflora' ဆိုသည့် ပန်းတမျိုးကို သွားတွေ့သည်။ ပန်းဘာသာစကားအရ 'လိုအင်ဆန္ဒနှင့် ခမ်းနားထည်ဝါခြင်း' ဟူ၍ အဓိပ္ပာယ်ဖော်ထားသည်။

Magnolia liliflora ...

ဖုရှောင်ယွီ၏ ညှပ်ရိုးနားသို့ အမှတ်မထင် အကြည့်ရောက်သွားစဥ် မြင်ခဲ့ရသည့် ကြယ်ပုံစံနှင့် တူသည့် မှဲ့နီလေးကို ရုတ်ခြည်း တွေးလိုက်မိသည်။

နေ့စဥ်ကြုံတွေ့နေရသည့် အိုမီဂါများအကြား ဖုရှောင်ယွီသည် ရှားပါးပြီး နှင်းဖြူလွှာကဲ့သို့ အသားအရေကို ပိုင်ဆိုင်ထားသည့် အလှလေးဟု ခေါ်ဆိုလို့ရသည်။ ထိုညှပ်ရိုးဖြူလွှလွှပေါ်ရှိ မှဲ့နီလေးသည်ကား နှင်းဖြူလွှာအပေါ် ပျံ့နှံ့နေသည့် နီနီရဲရဲ သွေးစက်လေးတွေအလား။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now