Unicode
ခန်းမထဲ ကျန်နေခဲ့သည့် ရွှီကျားလဲ့က သူ့ ဖုန်းကို ယူထုတ်လိုက်သည်။ ဖုရှောင်ယွီ ရုတ်တရက်ကြီး ထပြီး ထွက်သွားခြင်းက သူ့ကို အနည်းငယ်စိုးရိမ်သွားစေသော်လည်း ဖုန်းခေါ်ပြီး အခြေအနေ တချက် မေးကြည့်ဖို့ရာမူ တွန့်ဆုတ်လို့နေ၏။
သို့သော် သူ တုံ့ဆိုင်းနေချိန်မှာပင် ဖုန်းက ရုတ်တရက် တုန်ခါလာလို့လာပြီး ခေါ်ဆိုလာသူမှာ ဖုရှောင်ယွီဟု ပြနေသည်။
ရွှီကျားလဲ့က လျင်မြန်စွာပင် ကိုင်လိုက်ပြီး
" ဟယ်လို .. "
" ရွှီ .. ရွှီကျားလဲ့ .. "
ဖုရှောင်ယွီ၏ အသံမှာ ပုံမှန်ထက် အားနည်းနေပြီး ဖုန်းထဲမှ တဆင့် ကြားနေရသည့်အခါ ပို၍ပင် သိသာသည်။
" ကျွန်တော် အောက်ဆုံးထပ်က ပထမထပ် နားနေခန်းထဲမှာ ရှိနေတယ် "
"ကျွန်တော် Heat ဝင်သွားလို့ "
ရွှီကျားလဲ့ လက်ထဲမှ ဖုန်းပင် လွတ်ကျလုမတတ် ဖြစ်သွားရသည်။
" ရွှီကျားလဲ့၊ ခင်ဗျား၊ ဒီကို လာပေးလို့ရမလား "
ရွှီကျားလဲ့ နာမည်ကို ခေါ်လိုက်ချိန်တွင် အိုမီဂါ၏ လေသံမှာ တစုံတခုကို ချုပ်တည်းထားရဟန်ဖြင့် အဖျားခတ် တုန်ယင်လို့နေ၏။
ရွှီကျားလဲ့မှာ ထိုင်နေရာမှ ခုန်ထလုမတတ် အပြေးထသွားလိုက်ရသည်။ သူသည် သတင်းစာရှင်းလင်းပွဲကိုတောင် ဂရုမစိုက်နိုင်တော့ဘဲ ဖုန်းကိုင်ထားလျက်ဖြင့် ခန်းမထဲမှ အလောတကြီး ထွက်လာလိုက်သည်။
ရွှီကျားလဲ့သည် အသက်သုံးဆယ်ရှိနေပြီဖြစ်ပြီး သူ့ အရွယ်နှင့် မီတာရှစ်ရာ တာတိုပြေးပွဲမျိုးတွင် ပါဝင်ယှဥ်ပြိုင်စရာ မလိုတော့ပေ။ ဘွဲ့ရပြီးတာလည်း အတော့ကို ကြာခဲ့ပြီဖြစ်၍ ဘယ်အချိန်လောက်တုန်းက ဤမျှအလျင်ဖြင့် နောက်ဆုံးပြေးခဲ့ဖူးသည်ကိုပင် မမှတ်မိနိုင်တော့။
သို့သော်လည်း A အဆင့် အိုမီဂါလေးက နားနေခန်းတနေရာတွင် ကျုံ့ကျုံ့လေး ရှိနေသည်တဲ့။
ဤသည်က အရမ်းအန္တရာယ်များလွန်းသည်။ တစက္ကန့်လောက် နှောင့်နှေးသွားလျှင်တောင် ရုတ်တရက်ကြီး တစုံတယောက် ရောက်ရှိလာကာ ဖုရှောင်ယွီ၏ လည်ပင်းကို ကိုက်သွားနိုင်ချေရှိသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ