Unicode
ရွှီကျားလဲ့ အသက်ပြင်းပြင်း ရှိုက်ရှူလိုက်သည်။
ဖုရှောင်ယွီ၏ လျှာနွေးနွေးက သူ့ ဒဏ်ရာကို လျက်ပေးနေသည်ဆိုသော်ငြား လျှာဖျားရှိ အဖုလေးများကြောင့် ထိလိုက်သည်နှင့် အနာက ပူပြီး ယားယံချင်လာသည်။ သို့သော် တပြိုင်နက်တည်းမှာပင် ပြင်းထန်ချိုမြိန်မှုတခုက သူ့ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့လွှမ်းခြုံသွားလေရာ လည်ပင်းဆီမှ နာကျင်မှုသည်ပင် ချိုမြိန်သည့် အရသာအဖြစ်သို့ ပြောင်းလဲသွားသည်။
သူသည် နာကျင်မှုကို တင်းခံပြီး သူ့ကိုယ်သူ ထိန်းထားလိုက်ရင်းက ဖုရှောင်ယွီ၏ လည်တိုင်ကို လက်ဖြင့် ဆုပ်ကိုင်ကာ မျက်နှာကို ပင့်မော့စေလိုက်သည်။
" ကြောင်ပေါက်လေး "
ရွှီကျားလဲ့၏ အသံမှာ အက်ရှနေပြီး ဖုံးကွယ်လို့ မရနိုင်စွာ စိတ်တွေ လှုပ်ရှားနေလျက်က
" မင်း တကယ်ပဲ ... "
သူက စကားကို ခေတ္တရပ်လိုက်သည်။
တကယ်ပဲ ဖုရှောင်ယွီက သူ့ကို အမှတ်အသားပေးစေချင်သည်တဲ့လား။
သူ၏ ပူရှိမ်းရနံ့ ဖီရိုမုန်းတွေက စူးရှပြင်းထန်စွာ ထွက်ရှိလာလျက်၊ အိုမီဂါကလည်း သူ့ဆီမှ အမှတ်အသားကို အမှားအယွင်းမရှိ တောင်းခံနေလျက်က သူ့ နှလုံးသားထဲဝယ် နူးညံ့သိမ်မွေ့သည့် တုံ့ဆိုင်းမှုက စက္ကန့်ပိုင်းမျှ ရှိနေခဲ့သေးသည်။
ထိုသို့သော နူးညံ့သိမ်မွေ့မှုမျိုးက သူ့အား အယ်လ်ဖာတယောက်၏ လမ်းကြောင်းမှ အမြဲလိုလို သွေဖွယ်စေခဲ့သည်။
အနည်းငယ် ပျော့ညံ့သည်ဟုဆိုရပေမည်။
ပြီးတော့လည်း သူ့ လက်ဖဝါးထဲတွင်ရှိနေသည့် ဖုရှောင်ယွီ၏ မျက်နှာသေးသေးမှာ အလွန်ပင် သနားစဖွယ်ကောင်းနေပြီး သူ့ကို ထက်သန်စွာဖြင့် စိုက်ကြည့်လို့နေသည်။ သူ၏ အညိုဖျော့ဖျော့ သူငယ်အိမ်သည် စိုလဲ့နေသည့် အလင်းတလွှာဖြင့် ဖုံးလွှမ်းထားလျက်။
လွန်ခဲ့သည့် စက္ကန့်ပိုင်းလောက်ကအထိ လွှမ်းမိုးချုပ်ကိုင်လိုသည့် အမူအရာဖြင့် သူ့ လည်တိုင်ထက်ဝယ် သွေးထွက်စေသည်အထိ အမှတ်အသား ချန်ထားရစ်ခဲ့သည့် အိုမီဂါမှာ ယခုတွင် ရွှီကျားလဲ့ကို ကျိုးနွံနာခံလိုသည့် ကြောင်မျက်လုံးဝိုင်းတွေဖြင့် မော့ကြည့်လို့နေ၏။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomansaTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ