အချပ်ပို (၂၃)

2.6K 365 10
                                        

Unicode

ကိုယ်ဝန်ဆောင်ခြင်း - ၁၈

သူနှင့် ဖုရှောင်ယွီတို့သာ လူနာခန်းထဲ ကျန်ခဲ့သည့်အခါမှ ရွှီကျားလဲ့သည် ခုတင်ဘေးတွင် သတိအနေအထားဖြင့် ဝင်ထိုင်လိုက်၏။ ထို့နောက် ဂနာမငြိမ်ဖြစ်နေသည့် ကလေးငယ်အား ရင်ခွင်ထဲ ပိုက်ထားသည့် အိုမီဂါကို သူ့ ရင်ခွင်ထဲ ဆွဲယူ ပွေ့ဖက်ထားလိုက်သည်။

ရွှီကျားလဲ့သည် ဖုရှောင်ယွီ၏ နဖူးကို နမ်းလိုက်ပြီး အသက်ပြင်းပြင်း ရှိုက်ရှူကာ မေးလိုက်၏။

" ဘေဘီ၊ မင်း ဘယ်လိုလုပ်ချင်လဲ၊ ကလေးကို မိခင်နို့ တိုက်ချင်လား "

ဤသည်မှာ နို့တိုက်နိုင်သည့် တတ်နိုင်စွမ်း ရှိ မရှိက အရေးမကြီးမှန်း သူ သိနေသည်။

မှန်ပါ၏။ ဖုရှောင်ယွီတွင် သေချာပေါက် မိခင်နို့ တိုက်ကျွေးနိုင်စွမ်းရှိသော်ငြား တိုက်ကျွေးလိုစိတ် ရှိပါရဲ့လားဆိုသည်က အိုမီဂါပေါ် မူတည်သည်။

မတိုင်မီလေးတင် အိုမီဂါ၏ တောင့်တင်းသွားသည့် အမူအရာကို မျက်မြင်တွေ့ရှိထားခဲ့သည်ဖြစ်၍ ရွှီကျားလဲ့မှာ စိတ်မပူဘဲ မနေနိုင်ပါချေ။

...

ဖုရှောင်ယွီသည် အခန်းထဲတွင် အခြားမည်သူမျှ မရှိကြောင်း အတည်ပြုရန် ဟိုဟိုသည်သည် လှည့်ပတ်ကြည့်လိုက်ပြီးမှ နောက်ဆုံးတွင် ခေါင်းငုံ့၍ လေသံတိုးတိုးဖြင့် ပြန်ဖြေသည်။

" အွန်း "

သူ့ ကလေးကို နို့ချို တိုက်ကျွေးချင်သည်။

သူသည် ယခုအချိန်တွင် အရာအားလုံးနှင့် အပြည့်အဝ လိုက်လျောညီထွေမဖြစ်သေးသည့်တိုင်၊ ကလေးကို ပွေ့ချီထားရန်အတွက်ပင် စိုးရိမ်နေသေးသည့်တိုင် ထိုအရာမှာ သူ အစောကြီးကတည်းက အချိန်ယူပြီး စဉ်းစားထားသည့် အရာဖြစ်၍ အထူးပင် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်နေ၏။

ဖုရှောင်ယွီ၏ စိတ်ပိုင်းဖြတ်မှုက တကယ်ပဲ ခိုင်မာသည်။

သို့သော် ရွှီကျားလဲ့က သူ့ အပေါ်အင်္ကျီကြယ်သီးကို ဖြုတ်ပြီး အိကျိလေးကို သူ့ ရင်ခွင်ထဲ ညင်သာစွာ နေရာချပေးလိုက်သည့်အခါ နောက်ထပ်တဖန် စိတ်တွေ တုန်လှုပ်လာမိပြန်သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now