(၇၄)

5K 657 28
                                        

Unicode



ဖုရှောင်ယွီကို ထွေးဖက်ထားရသည်မှာ ကြောင်လေးတကောက်ကို ပွေ့ထားသည့်နှယ် ခံစားရ၏။

ရွှီကျားလဲ့သည် ခဏအကြာ ငြိမ်သက်သွားပြီးမှ ခေါင်းကို ငုံ့ကာ အိုမီဂါ၏ နဖူးကို နမ်းလိုက်သည်။

" တကယ်တော့ ... ကိုယ်လည်း တခါမှ မစဉ်းစားဖူးဘူးရယ်၊ အဲဒီလိုဆိုလည်း လုံးဝအဆင်ပြေနေတာပဲကို "

ဖုရှောင်ယွီက အနည်းငယ် စိတ်ရှုပ်သွားပုံဖြင့် သူ့ကို ​မော့၍ ကြည့်လာသည်။

" ဒါက ကိုယ်တို့နှစ်ယောက် ဆက်ဆံရေးအပေါ် အလေးအနက်ထားတယ်၊ မထားဘူးဆိုတာကြီးပဲမှ မဟုတ်တာ "

ရွှီကျားလဲ့၏ အသံက အနည်းငယ် ခြောက်ကပ်နေသလိုလို။ သူသည် အကြောင်းအရာ တခုခုနှင့် ပတ်သက်၍ ပြောဆိုဆက်သွယ်ရာတွင် ကျွမ်းကျင်သူဖြစ်သော်လည်း ဤကိစ္စအပေါ်တွင်မူ အတော်ကိုပင် သတိနှင့် ဖြစ်နေကာ စကားလုံးကိုလည်း သေချာရွေးချယ်နေရသည်။

" ကိုယ် တက္ကသိုလ်တက်တုန်းက ပါမောက္ခတယောက်က "Vaccum society" ဆိုတဲ့ ခေါင်းစဥ်တခုကို ပေးပြီး စဥ်းစားခိုင်းတယ်၊ မိသားစုတန်ဖိုးတွေ၊ စီးပွားရေးဖိအားတွေ၊ အကျင့်စာရိတ္တမဏ္ဍိုင်နဲ့ ဘာလူမှုရေးတာဝန်မှ ကျေစရာ၊ ခံစရာ မလိုတဲ့ လူ့အဖွဲ့အစည်းကို စိတ်ကူးယဥ်ကြည့်လိုက်၊ တကယ်လို့ လူတိုင်းဟာ စီးနေတဲ့ ရေတွေလိုပဲ စီးချင်တဲ့နေရာ စီးလို့ရတယ်ဆိုပါစို့၊ မင်းသာ အဲ့လိုနေရာမျိုးမှာ အိုမီဂါတယောက်ဖြစ်ခဲ့မယ်ဆို အချစ်ဆိုတဲ့ ခံစားချက်တခုကြောင့် လက်ထပ်မှာလား၊ မိသားစုတည်ဆောက်မှာလား၊ မျိုးဆက်ပျံ့ပွားရေးတာဝန်ကို ယူမှာလား "

" ရှောင်ယွီ၊ ကိုယ် အိုမီဂါ မဟုတ်ပေမဲ့ တကယ်လို့သာ အဲ့လိုပတ်ဝန်းကျင်မှာ လူဖြစ်ခဲ့မယ်ဆိုရင် ဘာကို ရွေးချယ်မလဲဆိုတာ အမြဲပဲ တွေးတောမိတယ်၊ အဲ့လိုပတ်ဝန်းကျင်မျိုးမှာမှပဲ လူတွေကလည်း သူတို့ရဲ့ အကြွင်းမဲ့ဆန္ဒကို အမှန်တကယ် ထုတ်ဖော်ပြနိုင်မယ်ထင်တယ် "

ဖုရှောင်ယွီက ချက်ချင်း ပြန်မတုန့်ပြန်။

သူသည် ပကတိ လက်တွေ့ဘဝအပေါ်တွင်သာ နေထိုင်တတ်သူတဦးဖြစ်၍  စိတ်ကူးယဉ်ရခြင်းက သူ့အတွက် အနည်းငယ် ခက်ခဲနေသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now