Unicode
ရွှီကျားလဲ့သည် နှင်းဆီပန်းခုံပေါ် ဖုရှောင်ယွီကို ဖိထားလျက် သုံးလေးမိနစ်ခန့် နမ်းနေသည်မှာ ဟန်ကျန်းခေါ့၏ သည်းခံစိတ်တွေ ကုန်ဆုံးသွားပြီး အနောက်ကနေ လာဆွဲယူရသည်အထိ။
" ရွှီကျားလဲ့ ! "
ဟန်ကျန်းခေါ့၏ အကြည့်များကမူ ရွှီကျားလဲ့၏ လည်တိုင်အား တိတ်တဆိတ် ဖက်တွယ်ထားသည့် ဖုရှောင်ယွီ၏ လက်များဆီ ကျရောက်လို့နေလျက်။ သူ့ စိတ်အစဥ်မှာ တခဏမျှ ရှုပ်ထွေးသွားရပြီး ထွက်နေသည့် ဒေါသတွေပင် ပျောက်ဆုံးသွားတော့မလို ဖြစ်သွားရသည်။
" ရှောင်ယွီ၊ မင်း .. မင်း သူနဲ့ ပြန်အဆင်ပြေသွားပြီလား "
" ဟုတ်တယ်၊ ငါတို့ ပြန်တွဲနေကြပြီ "
ဖုရှောင်ယွီက ကိုယ်အနေအထားကို ခပ်မတ်မတ်ဖြစ်အောင် ရပ်လိုက်ပြီး မသိစိတ်ဖြင့် သူ့ လည်စည်းကို အလိုလို ညှိနေမိကာ ဟန်ကျန်းခေါ့ကို ထပ်ပြောလိုက်သည်။
" စိတ်မပူပါနဲ့၊ နောက်မှ သေချာ ရှင်းပြမယ် "
စတိတ်စင်အနားတဝိုက်တွင် တကယ်လည်းပဲ လူအတော်များများ စုဝေးနေကြသည်ဖြစ်၍ သူ နောက်မှသာ ရှင်းပြဖို့ဖြစ်နိုင်ပေမည်။
သူတို့တွေ ဧည့်ပရိတ်သတ်တွေရှိရာဆီ စားပွဲတဝိုင်းပြီး တဝိုင်း ကူးလူးကာ မင်္ဂလာအရက်ကို လက်ခံရသည်။ ရွှီကျားလဲ့တို့မှာလည်း သတိုးသားအရံများဖြစ်၍ မင်္ဂလာမောင်နှံကို ကူသောက်ပေးရ၏။
ဟန်ကျန်းခေါ့မှာ ရှေ့သို့သွားရန် တွန်းထုတ်ခံနေရလျက်က ဝမ်းခေါ့ကို လှည့်ကြည့်ပြီး မေးနေသေးသည်။
" ရှောင်ခေါ၊ မင်းကော သိထားတာလား "
ဝမ်းခေါ့က လျင်မြန်စွာပင် ခေါင်းယမ်းပြလိုက်ပြီး
" ဟင့်အင်း၊ မသိဘူး "
ရွှီကျားလဲ့ စင်ပေါ်တက်၍ ရူးရူးနှမ်းနှမ်း ကခုန်နေခြင်း၏ တခုတည်းသော အကြောင်းပြချက်မှာ ပရိသတ်ထဲတွင် ဖုရှောင်ယွီ ရှိနေ၍ဖြစ်ကြောင်း ဝိုးတဝါး ခန့်မှန်းခဲ့မိသော်ငြား ဟန်ကျန်းခေါ့က သို့ကလို နာကျင်နေသည့် အမူအရာဖြင့် ကြည့်ပြီး မေးလာသည့်အခါတွင်မူ ထုတ်မပြောရက်တော့ချေ။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ