(၁၁၇)

3.8K 569 49
                                        

Unicode




ကျင်းချူ၏ စကားကို ကြားလိုက်ရချိန်တွင် နန်ရီသည် မျက်ရည်များကို ဆက်ထိန်းမထားနိုင်တော့။ ကလေးငယ်သည် ကြိတ်၍ ရှိုက်ငိုနေရင်းက မေးလာ၏။

" ဒါဆို ဘာလို့ မပြောပြခဲ့တာလဲ ... "

နန်ရီမှာ သူ့ကိုယ်သူ လူကြီးလေးတယောက်လို မှတ်ယူထားရာ မတော်တဆ ချော်လဲပြီး နာကျင်သွားလျှင်တောင် မငိုတတ်ခဲ့ပါပေ။ ယခုပင်လျှင် မျက်​ရည်​​တွေ စီးကျ​နေ​လျက်က သူ့ လက်​​သေး​သေး​လေး​တွေနှင့် မျက်ရည်တွေကို ချက်ချင်း သုတ်​ပစ်လိုက်​ဖို့ သတိရ​နေ​သေးသည်။

ဖခင်တယောက်အနေနှင့် အနှီမြင်ကွင်းကို တွေ့မြင်လိုက်ရမည်ဆိုပါလျှင် မည်သို့မျှ အေးဆေးတည်ငြိမ်စွာ ကြည့်နေနိုင်မည် မဟုတ်ချေ။

ရွှီကျားလဲ့သည် သူ့ လက်မောင်းရှိ ဒဏ်ရာကိုပင် မေ့လျော့သွားပြီး နန်ရီ ရှေ့တွင် ထိုင်ချလိုက်ကာ ခါးနားကနေ ဖက်ထားလိုက်ရင်း နူးညံ့စွာဖြင့် ဆိုသည်။

" တောင်းပန်ပါတယ်၊ ဘေဘီ၊ ဒယ်ဒီ .. ဒယ်ဒီကလေ ... "

ပုံမှန် လုပ်နေကျအတိုင်း ရင့်ကျက်တည်ငြိမ်စွာ ရှင်းပြနိုင်ရန်အတွက် ကြိုးစားလိုက်မိသော်ငြား နန်ရီ၏ မျက်ရည်စတွေကို မြင်လိုက်ရသည့်အချိန် ရွှီကျားလဲ့၏ နှလုံးသားမှာ စုတ်ပြဲသွားသလိုပင်။ သူသည် နန်ရီ၏ ပါးပြင်ပေါ်ရှိ မျက်ရည်စတွေကို လက်ဖြင့် သုတ်ပေးလိုက်ပြီး

" တောင်းပန်ပါတယ် နန်ရီ ၊ ဘေဘီ့ကို မပြောပြခဲ့မိတာ ဘာလို့ဆို ဒယ်ဒီက ... "

သူ့ နှုတ်ခမ်းတွေ အနည်းငယ် တုန်ခါလို့နေသည်။ နောက်ဆုံးတွင် မျက်နှာအမူအရာမှာ ခါးသီးနေသည့် အသွင်သို့ ပြောင်းလဲသွားကာ တိုးညင်းစွာဖြင့် ပြောလိုက်သည်။

" တကယ်တော့ ဒယ်ဒီက မင်းကို ပြောပြဖို့ ကြောက်နေခဲ့လို့ "

နန်းရီက သူ့ကို နားမလည်သလို ကြည့်နေသည်။

" ဒယ်ဒီ မင်းကို အမှန်အတိုင်း ပြောရမှာ ကြောက်တယ် "

ရွှီကျားလဲ့၏ အသံသည် နောက်ဆုံးတွင် အနည်းငယ် အဖျားခတ်လို့သွားပြီး

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now