(၁၃)

5.5K 744 44
                                        

Unicode

ယခုရက်တွေအတွင်း ဖုရှောင်ယွီ စိတ်ကြည်နေပြီး ထူးထူးဆန်းဆန်း အားလပ်ခွင့်ပင် ယူလိုက်သေးသည်။ Europe လည်း ရောက်ခိုက်၊ ခရစ္စမတ်အချိန်နှင့်လည်း တိုက်နေ၍ နာမည်ကြီး ကုန်အမှတ်တံဆိပ် စတိုးဆိုင်တွေတွင် အပြိုင်အဆိုင် လျှော့စျေးပေးနေကြသည်။ သို့နှင့် ဖုရှောင်ယွီသည် ဆောင်းရာသီဖက်ရှင် ပဝါ၊ ဘွတ်ဖိနပ်၊ အဝတ်အစားတွေအပြင် သူ နှစ်သက်သည့် cufflinks နှင့် နက်ခ်တိုင်တွေပါ ဝယ်ခဲ့လိုက်သည်။

လက်ရှိ သူ့ ၀င်ငွေက မြင့်သည်ဆိုသော်ငြား လျှော့စျေးဆိုလျှင်တောင် ဈေးတန် မတန် သေချာစဥ်းစားရသေးသည်။ တခုခု ဝယ်တော့မည်ဆိုလျှင် သေချာတွက်ချက်ပြီးမှ ဝယ်တတ်သည့်အကျင့်က ယခုထိတိုင် စွဲနေဆဲ။ ဒါသည် သူ ငယ်စဥ် ကလေးဘဝကတည်းက တပြား၊ နှစ်ပြား ခွာသုံးတတ်အောင် သင်ပေးထားခဲ့သည့် ဖုကျင့်ကြောင့်လည်း ဖြစ်နိုင်၏။

အားလပ်ရက်ကို အေးအေးဆေးဆေး ဖြတ်သန်းဖို့ရာ ရည်ရွယ်ထားသော်ငြား နှစ်ရက်မြောက်နေ့တွင် သူ့ထက်အရင် ပြန်ရောက်နေသည့် ဝမ်ရှောင်ရှန်းထံမှ DingTalk အဝင်ဖုန်းကြောင့် နံနက်အစောကြီး နိုးသွားရသည်။

" မစ္စတာဖု၊ မကောင်းတော့ဘူး၊ ဘော့စ် တမင်တကာ ဖယ်ထုတ်ထားတဲ့ ယွင်ဖုန်းရဲ့ ရှယ်ယာဝယ်ယူမှုကို လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ IM ဒါရိုက်တာဘုတ်အစည်းအဝေးကနေ အတင်းအကြပ် အတည်ပြုလိုက်ပြီတဲ့၊ ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ "

ဖုန်းထဲမှ ကြားနေရသည့် အသံက ငိုလုလုဖြစ်နေလေပြီ။ သို့ဖြစ်ရအောင်ကလည်း ထိုကိစ္စသည် ဖုရှောင်ယွီအတွက် မည်မျှ အရေးကြီးမှန်း နားလည်နေ၍ပင်။

" ဘာရယ်၊ သူတို့ ဘယ်လိုတောင် လုပ်နိုင် .. "

ဖုရှောင်ယွီ၏ မျက်နှာသည် နိုးလာချင်းချင်း ကြားလိုက်ရသည့် သတင်းကြောင့် အနည်းငယ် ဖြူဖျော့လို့သွား၏။

သို့သော်လည်း ဒါသည် မေးရန် မလိုသည့် မေးခွန်းဖြစ်ကြောင်း ချက်ချင်းသဘောပေါက်လိုက်၏။ ဖုရှောင်ယွီသည် အဖွဲ့၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်ပြီး ဟန်ကျန်းခေါ့နှင့် အစုရှယ်ယာပိုင်ဆိုင်ခွင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကာ သူ့ကို အမည်ခံ ရှယ်ယာရှင်တဦးအဖြစ် ထားခဲ့သည်။ သို့ဖြစ်၍ သူ၏ ဆုံးဖြတ်ချက်ကို ပယ်ချနိုင်သည့် အကြောင်းအရင်းက တခုတည်းသာရှိသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now