Unicode
တက္ကစီအတွင်းရှိ ဖုရှောင်ယွီသည် သူ့ လက်ထဲက သံပုရာနံ့ တသင်းသင်းနှင့် ပျားသံပုရာခွက်ကို ငုံ့ကြည့်နေမိ၏။ ရောင်းတန်းဖြစ်သည့်အတွက် ပျားရည်အပြင် သကြားပါ ထည့်ထားမည်ဖြစ်ကြောင်း သူသိနေသည်။
သူသည် ခန္ဓာကိုယ်အတွက် မလိုအပ်သည့် သကြားဓာတ်ကို တတ်နိုင်သလောက် ရှောင်ကြဉ်ခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီ။ အင်တာနက်ပေါ်က နာမည်ကြီးတွေ ကြော်ငြာသည့် နို့လက်ဖက်ရည်ဖြစ်စေ၊ ကာဗွန်နိတ်ဆိုဒါဖြစ်စေ လုံးဝ လုံးဝ မထိရန် ဆုံးဖြတ်ထားသည်။
သို့ပေသည့် ယခုတွင်မူ Heat ကာလကို ဖြတ်သန်းနေရသောကြောင့်တူ၏။ သူ့ ခန္ဓာကိုယ်က သကြားဓာတ်ကို တောင့်တနေမှန်း ရုတ်ခြည်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် အကြာကြီးနေကာမှ ပထမဦးဆုံးအကြိမ် တငုံလောက် မြည်းစမ်းကြည့်လိုက်သည်။
အရမ်းချိုလွန်းသည်။
သူ မျက်မှောင် အလိုလို ကြုတ်လိုက်မိ၏။
ကားသည် အနည်းငယ် မညီညာသည့် လမ်းပေါ် ဖြတ်သန်းသွား၍ထင့်။ အနည်းငယ် တုန်ခါနေသည်။
ဖုရှောင်ယွီသည် နွေးနေဆဲ စက္ကူခွက်ကို ကိုင်ထားရင်း ကားပြတင်း အပြင်ဘက်ဆီ ခဏတာမျှ ငေးကြည့်နေပြီးမှ ခေါင်းကို ရုတ်တရက် ငုံ့လိုက်ကာ ခွက်ထဲက ပျားသံပုရာကို နှစ်ငုံမျှ ထပ်သောက်လိုက်သည်။ ထို့နောက် သူ နည်းနည်းမှ မသောက်လိုက်သည့်အလား ခွက်အဖုံးကို ချက်ချင်း ပြန်ပိတ်လိုက်၏။
ကားထဲတွင် သူ တဦးတည်းသာ ရှိသည် မှန်သော်လည်း အနည်းငယ် အပြစ်မကင်းသလို ခံစားမိရသေးသည်။
သုံးငုံခန့်မျှသော ပျားသံပုရာသည် သူ၏ ကန့်သတ်ချက်ကို ရောက်ရှိနေပြီဖြစ်ပါ၏။
ဖုရှောင်ယွီသည် ကားပေါ်မှ ဆင်းသည်နှင့် ကျန်ပျားသံပုရာကို အမှိုက်ပုံးအတွင်းသို့ ပစ်ချလိုက်သည်။ သို့သော်လည်း ထူးထူးခြားခြားပင် အလွန်ချိုမြိန်သည့် သကြားရည် သုံးငုံခန့်မျှက သူ၏ ကျဆင်းချင်နေသည့် စိတ်အစဥ်ကို အနည်းငယ် သက်သာရာရစေပုံရသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ