Unicode
မုရုံကျင်းယ ထွက်သွားပြီးနောက် ရွှီကျားလဲ့က ဖုရှောင်ယွီကို သူ့ နေရာဆီ ပြန်ခေါ်လာသည်။ နှစ်ဦးသားမှာ ထိုခဏတွင် မည်သို့ စကားစရမည်မသိ ဖြစ်နေကြ၏။
ဖုရှောင်ယွီက တခုခု ပြောချင်ဟန်ဖြင့် သူ့ကို မော့ကြည့်ကာ ချီတုံချတုံ ဖြစ်နေသည်။
ဖုရှောင်ယွီရေ၊ မမေးလိုက်ပါနဲ့လား။
ရွှီကျားလဲ့ စိတ်ထဲမှနေ၍ ဆုတောင်းနေမိသည်။ မုရုံကျင်းယနှင့် ဆုံလိုက်တိုင်း သူ့မှာ အမြဲတမ်းပင် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်ပြီး ကျန်ရစ်တတ်သည်။ ယခုလိုအချိန်မျိုးတွင် ထိုကိစ္စနှင့် ပတ်သက်ပြီး သူ တကယ်ကို မဆွေးနွေးချင်ပါပေ။
ကံကောင်းထောက်မစွာပင် ဖုရှောင်ယွီ၏ ဖုန်းမှနေ၍ DingTalk အချိန်ဇယားပြ နိုတီတက်လာသည်။
ဝမ်ရှောင်ရှန်းမှ သူ့ကို နာရီဝက်အတွင်း Last Love မှ အဖွဲ့သားများနှင့် အွန်လိုင်းမီတင် ပြုလုပ်မည်ဖြစ်ကြောင်း လှမ်းသတိပေး၏။
" အိုက်ရာ !"
ဖုရှောင်ယွီသည် အိပ်မက်မက်သလို ရှိနေရာမှ ရုတ်တရက် နိုးလာပြီး စိုးရိမ်တကြီးဖြင့် ဆိုလာသည်။
" ရွှီကျားလဲ့၊ ကျွန်တော်တို့လက်ထဲ ကွန်ပျူတာတခုပဲ ပြန်ပါလာတာ၊ စာရွက်စာတမ်းနဲ့ ဖိုင်တွေ၊ တခြားပစ္စည်းတွေ အကုန်လုံးက ခင်ဗျား ကားထဲမှာ ကျန်ခဲ့တယ် "
" အိုး၊ ဟုတ်သား၊ နာရီဝက်လောက် ရသေးတယ်မလား၊ ကိုယ် ခုပဲ သွားယူလိုက်မယ် "
သူ့မှာ ရေပင် မသောက်အား။ Tesla ကတ်ကို ကောက်ယူလိုက်ပြီး အငှားကား အသင့်ခေါ်ကာ ကျူးယဗီလာဆီ ပြန်သွားရပြန်သည်။ နေရာ နှစ်ခုစလုံးက မြောက်ပိုင်းဧရိယာအတွင်းတွင်မို့သာ တော်တော့သည်။
သို့တိုင်အောင် သူ ပြန်ရောက်လာသည့် အချိန်တွင် အချိန်က အရမ်းကပ်နေပြီဖြစ်သည်။ ဖုရှောင်ယွီသည် သနပ်ခါးရောင် ရှပ်အင်္ကျီကို အမြန်လဲဝတ်လိုက်နိုင်သော်လည်း အောက်ပိုင်းကိုမူ လဲရန် အချိန်မရှိတော့သောကြောင့် ရွှီကျားလဲ့၏ ညအိပ်ဝတ် ဘောင်းဘီကြီးနှင့် ဖြစ်နေသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ