(၁၂၈)

4.7K 485 20
                                        

Unicode


အခန်းထဲ ပြန်ဝင်လာသည့်အချိန် သူ့ ဖုန်းသည်ပင် အနည်းငယ် ပူလာပြီဖြစ်သည်။ သို့စဥ်လျက် တဆတ်ဆတ် တုန်ခါနေသည့် သူ့ နှလုံးသားကို ကိုင်ထားသည့်နှယ် ဖုန်းကို ဆက်ကိုင်ထားမိသည်။

ဖုရှောင်ယွီကမူ ခုတင်ပေါ်တွင် အိပ်ပျော်နေဆဲ။

အိုမီဂါ၏ ရှည်လျားသော မျက်တောင်များသည် အောက်သို့ ငိုက်ကျနေလျက် အသက်ရှုသံက တည်ငြိမ်နှေးကွေးနေသည်ကို ကြည့်ခြင်းအားဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်မှာ ထင်ရှားသည်။ သို့ပါသော်ငြား ရွှီကျားလဲ့ အနားကပ်သွားသည့်အခါ တခုခုကို ခံစားမိသည့်နှယ် မျက်လုံးတွေ မှိတ်ထားလျက်ဖြင့် သူ့ လည်ပင်းကို သိုင်းဖက်ပြီး မျက်နှာကို အယ်လ်ဖာ၏ လည်တိုင်ခွက်ထဲ မြှုပ်ထားတော့၏။

အနှီနေရာမှာ အယ်လ်ဖာ ဖီရိုမုန်းရနံ့ အပြင်းထန်ဆုံးဖြစ်ပြီး အမှတ်အသားပြုပြီးသည့် အိုမီဂါအတွက် အရင်းနှီးဆုံးဟု ခံစားရသည့်နေရာလည်းဖြစ်သည်။ ခေတ္တမျှ ပျောက်ကွယ်သွားခဲ့သည့် အလွန်တရာ ချိုမြိန်သော ရနံ့လေးက ပြန်လည်ရောက်ရှိလို့လာပြန်လေပြီ။

လည်ပင်းကို ပွေ့ဖက်ခံထားရသည့် ရွှီကျားလဲ့သည် အိုမီဂါ၏ ဆံနွယ်ပျော့ပျော့များကို လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေပါသည့်တိုင် စိတ်စွမ်းအင်ကမူ ထူးဆန်းလောက်အောင်ပင် အားအင်ပြည့်ဝလို့နေသည်။

မနက်ဖြန်ဆိုလျှင် ရွှီလန် ဖူးခက်သို့ ရောက်ရှိလာပေလိမ့်မည်။

ထိုသို့ တွေးမိသည်နှင့် ရွှီကျားလဲ့မှာ သူ့ကိုယ်သူ မချုပ်တည်းထားနိုင်တော့ဘဲ ဖုရှောင်ယွီ၏ ပါးပြင်ကို ငုံ့ကာ နမ်းလိုက်မိတော့သည်။ သူ့
အနမ်းက အနည်းငယ် ပြင်းထန်သွား၍လား၊ သို့မဟုတ် သူ အိပ်နေသည်ကို ရုတ်တရက် လှုပ်နှိုးလိုက်သလိုဖြစ်သွား၍ပဲလား မဆိုသာ။ အိုမီဂါသည် အိပ်နေရင်း မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်ကာ နှာသံတိုးတိုးပြုလာ၏။

ရွှီကျားလဲ့မှာ ဖုရှောင်ယွီကို မတော်တဆ နိုးလိုက်မိမည်စိုး၍ နမ်းပြီးသည်နှင့် မူလအနေအထားအတိုင်း ပြန်ပြောင်းပေးလိုက်သည်။ ထိုအခါကျမှပင် ဖုရှောင်ယွီ၏ မျက်ခုံးများသည် တဖြည်းဖြည်း ပြေလျော့သွားပြီး ကျေနပ်သွားသည့်အလား ဟောက်သံပင် ထွက်လာလိုက်သေးသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now