Unicode
ကိုယ်ဝန်ဆောင်ခြင်း - ၁၅
နံနက်စာကို ဖုကျင့်မှ ပြုလုပ်ပေးသည်။
ဟုတ်ပါ၏။ ဖုရှောင်ယွီ ကိုယ်ဝန်နှောင်းပိုင်းကာလာသို့ ရောက်ရှိပြီးနောက် US သို့ ပထမဆုံးအပြေးလာခဲ့သည့် သူမှာ ဖုကျင့်ဖြစ်ကာ သူ့ကို မည်သူမှ တားဆီးလို့ မရပါချေ။
ဖုကျင့် ရောက်ကြောင်းကို မုရုံကျင်းယ ကြားသည်နှင့် သူသည်လည်းပဲ ဖုရှောင်ယွီနှင့် တွေ့ဖို့ရန်အတွက် ရွှီလန်နှင့် လာလိုပါကြောင်း တောင်းဆိုသည်။ သို့သော် သူတို့၏ တောင်းဆိုချက်ကို ရွှီကျားလဲ့က ယာယီပယ်ချထားလိုက်သည်။
ဖုရှောင်ယွီသည် လူအုပ်စုကြီး ပတ်လည်ဝိုင်းနေသည့် ခံစားချက်ကို မနှစ်သက်ပါချေ။ ထိုအချက်ကို ကိုယ်ဝန်အစောပိုင်း ကာလလောက်ကတည်းကပင် ရွှီကျားလဲ့ သတိပြုမိသည်။
တဖက်တွင် ထန်နျင်မှာ ဆွေးနွေးပွဲတခု တက်ရန်ရှိ၍ နှစ်ပတ်ကြာပြီးမှ လိုက်လာနိုင်မည်ဖြစ်သည်။ သို့တိုင်အောင် ဖုကျင့်တယောက်တည်းနှင့်တင် အိမ်မှာ အရင်ကထက် ပိုမို အသက်ဝင်လာ၏။ ထို့အတူ မနက်စာစားချိန်အတွင်း ကြားရလေ့ရှိသည့် ဆူညံပူညံအသံကပါ တဖန်ရောက်ရှိလာပြန်သည်။
သူလုပ်ထားသည့် ပဲနို့ပူပူမှာ ဖုရှောင်ယွီ၏ မျက်နှာသာပေးမှုကို မရရှိသောကြောင့် ဖုကျင့်က မကျေနပ်ချေ။ ဖုရှောင်ယွီသည်လည်း သူ မကြိုက်သည့် ဆန်ပြုတ်ကို သောက်နေရ၍ မျက်နှာက မှုန်ကုတ်ကုတ်ဖြစ်ချင်နေသည်။ နောက်ဆုံးတွင် အငြင်းပွားမှုကို ဖြေရှင်းရန်အတွက် လက်ကျန် ပဲနို့ပူပူနှင့် ဆန်ပြုတ်ကို ရွှီကျားလဲ့မှ သိမ်းကျုံးပြီး အပြတ်ရှင်းပေးလိုက်ရာ လေပင် အဆက်မပြတ် တက်လာတော့သည်အထိ။
ရွှီကျားလဲ့နှင့် ဖုရှောင်ယွီတို့သည် ဆေးရုံသို့ရောက်တိုင်း စစ်ဆေးရသည့် ကိုယ်ဝန်ဆောင်စစ်ဆေးခြင်းနှင့် ပတ်သက်၍ အတော်လေး အကျွမ်းတဝင်ဖြစ်နေကြပြီဖြစ်သော်ငြား ယခုတကြိမ်တွင်မူ အရင်က မစစ်ဆေးဖူးသည့် တင်ပါးဆုံတွင်းတိုင်းတာမှုကို ခံယူရသည်။
YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ
