(၄၁)

4.9K 694 27
                                    

Unicode

" ဖုရှောင်ယွီ "

ရွှီကျားလဲ့သည် ခေါ်ပြီးကာမှ စကားကို ဆက်မပြောဘဲ ရပ်ထားပြန်၏။

ထိုခဏတွင် ဘာကြောင့်ရယ်မသိ သူတို့ နှစ်ဦးသားမှာ အရမ်းနီးကပ်နေသလို ရှိနေပြီး ဖုရှောင်ယွီ၏ မျက်လုံးများကလည်း သူ့ကို မလွှဲစတမ်း စိုက်ကြည့်လို့နေသည်။

ဤသည်က သူ့ နှလုံးသားကို တခုခုဖြင့်ကို ပြင်းပြင်းထန်ထန် လာရိုက်ခတ်နေသလို ခံစားရစေသည်။

သူ့မှာ အတော်ကြာသည်အထိ မည်သည့်စကားမှ မဆိုနိုင်။

" ရွှီကျားလဲ့ "

ဖုရှောင်ယွီသည် ရှေ့ဆက်မပြောခင် ခေတ္တမျှ ရပ်နေပြီးမှ 

" စောန စတိုခန်းမှာ ကျွန်တော် စကား အကုန်မပြောလိုက်ရသေးဘူး၊ ဟုတ်တယ်၊ ကျွန်တော် ဆေးခတ်ခံလိုက်ရတယ်၊ ​​ကျွန်တော် သတိမထားမိရင် တခြားအန္တရာယ်တွေ ဖြစ်လာနိုင်ချေရှိတယ်ဆိုတာလည်း အမှန်ပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဆေးရုံကို သွားလိုက်လို့ရတယ်၊ ဒါပေမဲ့ ကျွန်တော်က ခင်ဗျားကိုပဲ ရွေးချယ်ခဲ့တယ်၊ အဲဒါကြောင့် ကျွန်တော့်ရဲ့ ပထမဆုံးအကြိမ်က ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင်ပဲ ပြီးပြည့်စုံသွားခဲ့ရတာ၊ ရွှီကျားလဲ့၊ ကျေးဇူးတင်ပါတယ် "

ရွှီကျားလဲ့သည် စတီယာရင်ဘီးကို နောက်ထပ်တဖန် ခက်ခက်ခဲခဲ ဆုပ်ကိုင်ထားလိုက်မိပြန်ပြီး သူ၏ လက်ဖျံတွင်ပင် သွေးကြောတွေ ထောင်ထလို့နေသည်။ ထို့နောက်တွင် တိတ်ဆိတ်လို့ သွားပြန်သည်။

တခါတလေတွင် ယခု မြင်တွေ့နေရသည့် ရွှီကျားလဲ့၏ အခြားတဖက်ခြမ်းကို ဆွဲဆောင်မှုရှိသည်ဟု ခံစားမိသလိုပင်။ သူ Heat ဝင်နေသည့် အချိန်တုန်းက ရွှီကျားလဲ့ သူ့ကို ပွေ့ဖက်လိုက်စဥ် အနှီစိမ်းပြာရောင်သွေးကြောများကို သူ့ လက်ချောင်းလေးများဖြင့် တိတ်တဆိတ် လိုက်ထိတွေ့ခဲ့ဖူးသည်။

ယခုတွင်လည်း ရွှီကျားလဲ့၏ ခန္ဓာကိုယ်က တင်းတောင့်တောင့်ကြီး ဖြစ်နေသည်။

" ရွှီကျားလဲ့ ?"

ဖုရှောင်ယွီမှာ အနည်းငယ် မသေမချာ မရေမရာ ဖြစ်လာသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now