(၃၈)

5.3K 702 56
                                        

Unicode



ရွှီကျားလဲ့မှာ အနည်းငယ် စိတ်ပျက်သွားရသည်။

အမှန်အတိုင်းဆိုရလျှင် ဤသည်က ဖုရှောင်ယွီနှင့် တိုက်ရိုက်ကြီး သက်ဆိုင်နေသည်တော့ မဟုတ်။

မောင်းသွားဖို့ မဖြစ်နိုင်သည့် Telsa ကို ကြည့်ရင်း ရုတ်တရက်ကြီး စီးကရက်သောက်ချင်စိတ်ဖြစ်လာသည်။ လက်ရှိ ကား၏ အခြေအနေက ​သူ့ ဘဝလမ်းကြောင်း အပြောင်းအလဲဖြစ်ခဲ့စဥ်တုန်းက ပုံစံနှင့် သွားတူနေသလို ခံစားရသည်။

သူ US မှာနေတုန်းက Audi q5 စီးသည်။ ထိုကားသည် ဈေးနှုန်း အလယ်အလတ်နှင့် မိသားစုတစုအတွက် ပြီးပြည့်စုံသည့် ကားဟုဆိုနိုင်သည်။ အနှီကားကို မောင်းနေစဥ် ကာလပတ်လုံး မျက်ခုံးပင့်ခဲ့ရသည့် တခါလေးတောင်မရှိခဲ့ဖူးဘဲ မိသားစု အပန်းဖြေခရီးထွက်သည့်အချိန်တွင်ဖြစ်စေ၊ ရိုသေလေးစားဖွယ်ရာ ခင်ပွန်းနှင့် ဖခင်တယောက်၏ ပုံရိပ်ကိုဖြစ်စေ ပေးစွမ်းနိုင်ခဲ့သည်။

ကားဂိုဒေါင်ထဲတွင် သူတို့၏ စူပါကားတွေကို အမြဲတန်းစီထားတတ်သည့် သူ့ ငယ်မွေးခြံပေါက် ဘော်ဒါများနှင့် နှိုင်းယှဉ်ရင် ရွှီကျားလဲ့က ရေနှင့် ပိုတူပြီး သူ့ အရည်အချင်းနှင့် ကိုက်ညီသည့် အသိုင်းအဝိုင်းထဲတွင်သာ ပျော်ဝင်ဖို့ အစွမ်းကုန် ကြိုးစားတတ်သူဖြစ်ခဲ့သည်။

ထို့အတွက်လည်း ရွှီကျားလဲ့မှာ ကျင်းချူကို အမြဲ ကျေးဇူးတင်ခဲ့ရပါ၏။ ကျင်းချူသည် ဘယ်တုန်းကမှ ရွှီကျားလဲ့ မလုပ်ချင်သည်များအတွက် တွန်းအားပေးတောင်းဆိုတာမျိုး မရှိခဲ့။ သူ၏ လူနေမှုအဆင့်အတန်းအတွက် လိုအပ်ချက်များမှာ အများကြီးမရှိဘဲ ဖောဖောသီသီ သုံးဆွဲနေရလျှင် စိတ်ကျေနပ်နေတတ်သူဖြစ်သည်။

ဤသည်က ကြည့်လိုက်လျှင်သာ အသေးအဖွဲဟု ထင်ရသော်လည်း လက်တွေ့တွင် သူကဲ့သို့သော မိသားစုနောက်ခံ အယ်လ်ဖာနှင့် လက်ထပ်လိုသည့် များစွာသော အိုမီဂါတွေသည် ကျင်းချူလို ဘဝကို အေးအေးဆေးဆေး နေထိုင်ရရုံနှင့် ကျေနပ်တတ်ကြမည် မဟုတ်ပေ။

သူတို့တွေ ကွာရှင်းပြီးသွားသည့် အခါတွင် သူ ပိုင်ဆိုင်သည့် အိမ်နှင့် ကားအားလုံးကို ကျင်းချုဆီ ပေးထားရစ်ခဲ့သည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {ပြီး}Where stories live. Discover now