(၅၂)

5.2K 680 16
                                    

Unicode






ဖုရှောင်ယွီ၏ ခါးမှာ နာကျင်နေတုန်းဖြစ်ကာ သူ ပက်လက် အိပ်သည့်အခါတွင်တောင်မှ မသက်မသာ ခံစားရသည်။ သို့သော်လည်း ရွှီကျားလဲ့ ကိုယ်ပေါ်တွင် တညလုံး အိပ်ဖို့ မဖြစ်နိုင်တာကြောင့် နံဘေးတွင် ငြိမ်ငြိမ်လေး အိပ်လိုက်ရသည်။

အနေအထားအရ ရွှီကျားလဲ့၏ လည်ပင်းနား ပူးကပ်တိုးခွေ့ပြီး ပွေ့ဖက်ထားဖို့ အဆင်မပြေတော့၍ ထိုအတိုင်း နေနေရင်း နောက်ဆုံး အိပ်ပျော်သွားသည်။

ရွှီကျားလဲ့က အအိပ်ဆတ်သူဖြစ်ရာ ညသန်းခေါင်ကျော် နိုးလာသည့် ခဏတွင် ဖုရှောင်ယွီ၏ နဖူးကို စမ်းကြည့်လိုက်သည်နှင့် အနည်းငယ် ပူချင်သလိုဖြစ်နေကြောင်း သတိထားမိသည်။

ဆရာဝန် ပြောခဲ့သလိုပင် အဖျားရှိနေလေပြီ။

သို့နှင့် ဖုရှောင်ယွီကို အသာနှိုးလိုက်ပြီး ညွှန်ကြားထားသည့်အတိုင်း ဆေးတိုက်လိုက်သည်။

" ရွှီကျားလဲ့ "

အဖျားကြောင့် မူးတူးတူးဖြစ်ချင်နေသည့် ဖုရှောင်ယွီသည် ခေါင်းအုံးပေါ် ပြန်လှဲအိပ်လိုက်ပြီးမှ ရုတ်တရက် တခုခုကို သတိရသွားပုံပေါ်ကာ

" မနက်ဖြန်ကျ ကျွန်တော် ဟန်ကျန်းခေါ့ဆီ သွားမတွေ့နိုင်တော့ဘူးထင်တယ်၊ သွားလို့ရနိုင်လောက်လား "

" ဒါပေါ့၊ ဒီပုံနဲ့ ဘယ်သွားလို့ ရပါ့မလဲ "

" ကျွန်တော် သူ့အကြောင်း အိပ်မက်မက်တယ်၊ သူ နိုးလာပြီး ဝမ်းခေါ့နဲ့ မင်္ဂလာဆောင်ဖို့ ဖိတ်စာ ပို့လိုက်တယ် ဆိုပြီး "

ရွှီကျားလဲ့သည် ဖုရှောင်ယွီ၏ နဖူး ခပ်နွေးနွေးပေါ် သူ့ လက်ဖြင့် အသာအုပ်ကာ ပွတ်သပ်ပေးနေရင်း အားပေးစကား ဆိုလိုက်၏။

" မင်း သက်သာလာတာနဲ့ သူ့ကို တွေ့ဖို့ ဆေးရုံသွားကြတာပေါ့ "

" ရွှီကျားလဲ့၊ ကျွန် .. ကျွန်တော် သူ့ကို လွမ်းနေတုန်းပဲ "

ဖုရှောင်ယွီ၏ လေသံမှာ မသဲမကွဲဖြစ်နေပြီး ပြောနေရင်းနှင့် ရှိုက်ကလည်း ရှိုက်နေသေးသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now