(၅၃)

5.1K 691 48
                                    

Unicode


" ဘယ်သူ ခေါ်လာတာလဲ "

ရွှီကျားလဲ့ ဝရန်တာဘက်မှ ပြန်ဝင်လာသည်နှင့် ခုတင်ပေါ်တွင် ရှိနေသည့် ဖုရှောင်ယွီက ပေါ့ပေါ့ပါးပါးပင် လှမ်းမေးလာသည်။ သူ့ လက်ချောင်းတွေကမူ iPad ကို ပွတ်ဆွဲကာ သုံးနေဆဲ။

ရွှီကျားလဲ့က အေးအေးသာသာပင် ပြန်ဖြေသည်။

" ကျင်းချူ "

သို့ကလို တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်သည့်တိုင် အပြင်ပန်းမျှသာဖြစ်ပြီး စိတ်အတွင်းပိုင်းတွင်မူ စိုးရိမ်ပူပန်မှုက ရှိနေသည်။ ပြန်ဖြေပြီးသည်နှင့် သူသည် ဖုရှောင်ယွီ၏ မျက်နှာကို စောင့်ကြည့်နေမိသည်။

မျှော်လင့်ထားသည့်အတိုင်း အသင့်အနေအထားဖြစ်သွားသည့်နှယ် အိုမီဂါက ချက်ချင်းပင် ခေါင်းမော့ကြည့်လာ၏။ သို့ပါလျက် ဖုရှောင်ယွီသည် ပြန်လည်အမေးစကားမဆိုခင် စကားလုံးတွေကို သေချာရွေးချယ်လိုက်ပြီးမှ

" အစောကြီးပဲရှိသေးတာကော၊ ဘာဖြစ်လို့ ဖုန်းခေါ်တာတဲ့လဲ၊ တခုခုများ ဖြစ်လို့လား "

" ကိုယ် မကိုင်လိုက်ဘူး "

ရွှီကျားလဲ့ ခေတ္တမျှ ရပ်လိုက်သည်။ ဤသို့ ရိုးရှင်းသည့် အဖြေက အကြောင်းအရာကို အဆုံးသတ်ပစ်ဖို့ လွယ်ကူ၏။ သို့သော်ငြား ဤသို့ ရှောင်လွှဲမှုမျိုးကလည်း နှစ်ဦးသား ဆက်ဆံရေးအကြား တမျိုးတဖုံ  ဖုံးကွယ်ထားသည့် အဓိပ္ပါယ်ဆောင်လေရာ နောက်ဆုံးတွင် ရွှီကျားလဲ့က အေးဆေးတည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်။

" ဖုန်း မခေါ်ခင် ကိုယ့်ဆီ WeChat ကနေ စာအရင် ပို့သေးတယ်၊ သူ အခုတွဲနေတဲ့ ပါတနာနဲ့ လမ်းခွဲလိုက်ပြီ တဲ့ "

ဖုရှောင်ယွီက တည့်တည့်ပင် မေးသည်။

" ခင်ဗျား ဘယ်လို ပြန်ဖြေလိုက်လဲ "

မျက်လုံးများကလည်း ဝိုင်းစက်လို့နေကာ သူ၏ ပုံမှန်အလုပ်ချိုးမျိုးတွင် တွေ့မြင်ရလေ့ရှိသည့် ထက်မြက်စူးရှမှုကို ပြသနေသည်။

ဖုရှောင်ယွီ၏ သို့ကလို ခြိမ်းခြောက်ဟန်စွက်သည့် အမူအရာကြောင့် ရွှီကျားလဲ့၏ စိတ်အခြေအနေက ထူးထူးခြားခြား ကောင်းမွန်လာသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now