အချပ်ပို (၂)

1.8K 309 5
                                    

Unicode


အလစ်သုတ်ခံရခြင်း

ရွှီကျားလဲ့က တကယ်ကိုပင် သူ့ကို ကားပေါ် ပွေ့ချီခေါ် မသွားပေးချေ။ ဖုရှောင်ယွီမှာ မယုံနိုင်အောင် ဖြစ်သွားရသည်။

ဖုရှောင်ယွီသည် မျက်နှာမသာမယာဖြင့် သူ့ဘာသာသူ ကားထဲ ဝင်ထိုင်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားလိုက်ရသည်။ ထို့နောက် သူတို့ကား မြို့မြောက်ပိုင်းဘက်ဆီ ဦးတည်ထွက်လာချိန်အထိ တမင်တကာကိုပင် ဆိတ်ဆိတ်နေလိုက်တော့သည်။

ခဏအကြာတွင်  ကားက လမ်းမကြီးပေါ် ရောက်လာသည်။ ရွှီကျားလဲ့သည် တနေရာမှနေ၍ အပူခံခွက်တခွက် ထုတ်ပြီး သူ့ဆီ ကမ်းပေးလာ၏။ သူ တငုံမျှ သောက်ကြည့်လိုက်သည့်အခါ အရသာက အေးမြမြနှင့် ချဉ်ပြုံးပြုံးလေးရှိပြီး အတော် အရသာရှိသည်နှင့် နောက်တငုံမျှ ထပ်သောက်လိုက်သည်။

" ဒါ ဘာကြီးလဲ "

သောက်နေရင်း သိချင်စိတ်ဖြစ်လာ၍ သူ ထုတ်မေးလိုက်ရသည်။

" ကိုယ် ထွက်မလာခင် မင်း သောက်ဖို့ဆိုပြီး တရုတ်နံနံနဲ့ ပန်းသီးကို ရောကြိတ်ပြီး ဖျော်လာတာ "

ကားမောင်းနေရင်း ရွှီကျားလဲ့က ပြန်ဖြေသည်။

" ပြီးတော့ ... "

ထို့နောက် မည်သည့်စကားမှ ထွက်မလာတော့ဘဲ ရပ်သွားသည်။

ဖုရှောင်ယွီက ချက်ချင်းလှည့်ပြီး ရွှီကျားလဲ့ကို ကြည့်ကာ

" ဟမ် ? "

သူ့စိတ်ထဲမှနေ၍ ရွှီကျားလဲ့ ဆက်ပြောဖို့ လော်ဆော်နေ၏။

ပြီးတော့၊ ပြီးတော့၊ ဘာဖြစ်လဲ၊ ဆက်ပြောလေ။

" သြော်၊ ပြီးတော့လည်း စတော်ဘယ်ရီသီးတွေ ထပ်ထည့်ထားသေးတယ်လို့၊ အရသာက ဘယ်လိုလဲ "

ရွှီကျားလဲ့က ပြုံးပြီး မေးသည်။

ဖုရှောင်ယွီမှာ ရုတ်​တရက်​ သိချင်စိတ် ကင်းမဲ့သွားသလို ခံစားလိုက်​ရ၏။ ရွှီကျားလဲ့တွင် သူ့ကို ချော့ချင်စိတ် လုံးဝရှိဟန်မတူ။

သို့စဥ်လျက် သူ့ကို စကားစ ထွက်လာအောင် သွယ်ဝိုက်ပြီး လုပ်ဆောင်နေသည်။ ဤသည်မှာ သူ့ခေါင်းကို စောင်အပေါ်မှနေ၍ ပွတ်ပေးနေသလို ခံစားရစေကာ ပိုပြီး စိတ်တိုချင်စရာ ဖြစ်လာ၏။ သူ စိတ်ဆိုးလိုက်ချင်သော်လည်း အကြောင်းပြချက် ရှာမတွေ့သဖြင့် သည်းခံနေရသည်။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now