(၁၁၀)

4.3K 542 11
                                        

Unicode


လေယာဉ်ပေါ်က ဆင်းသည်နှင့် လူတိုင်းကိုယ်စီ သက်ပြင်းချမိကြ၏။

ရာသီဥတုက ပူပြင်းလွန်းသည်။

ပူပြင်းလွန်း၍ ဆောင်းဦးရာသီကနေ အရှေ့တောင်အာရှ၏ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ဖို့ရာ အနည်းငယ်ပင် ခက်နေသည်။ မတိုင်မီက မလိုက်မဖက်ဟု ထင်ခဲ့မိသည့် ဟူရှား၏ ကောက်ရိုးဦးထုပ်သည်ပင် ရုတ်တရက်ကြီး ပတ်ဝန်းကျင်နှင့် ကိုက်ညီလို့သွားသည်။

ဝမ်းခေါ့နှင့် ဟန်ကျန်းခေါ့တို့သည် ဟိုတယ်အတွက် နာမည်ကြီး Patong ကမ်းခြေတွင် ဘွတ်ကင်မယူလိုက်ဘဲ ထိုအစား လူ​ပြည့်ကျပ်မှုနည်းပြီး ဆိတ်ငြိမ်သော ကမ်းခြေ အပန်းဖြေစခန်း တခုကို ကြိုတင်မှာယူခဲ့သည်။ ထိုဇိမ်ခံ အပန်းဖြေစခန်းသည် တောင်တွေ ပတ်လည်ဝိုင်းရံထားသည့် ပင်လယ်နံဘေးတွင် တည်ရှိပြီး သီးသန့်ကမ်းခြေကြီးတခုလည်းရှိသည်။ နေရာမှာ မင်္ဂလာပွဲများအတွက်သာမက အားလပ်ရက် အပန်းဖြေဖို့အတွက် လည်း အဆင်အပြေဆုံး ဖြစ်နေသည်။

ဝမ်းခေါ့တို့သည် ပိုက်ဆံအကုန်ခံပြီး လူတိုင်းကို အခက်အခဲဖြစ်စေတတ်သည့် သူဌေးမျိုးမဟုတ်လေရာ အသင်းအဖွဲ့နှင့် လှုပ်ရှားပြုလုပ်ရသည့် ကိစ္စမျိုးကိုလည်း တခုမှ လုပ်ဖို့ မညွှန်ကြားချေ။ မင်္ဂလာပွဲမစခင်ညနှင့် မင်္ဂလာပွဲကြီးကျင်းပသည့် နေ့ကလွဲလျှင် လူတိုင်းသည် ဖူးခက်ကမ်းခြေတွင် စိတ်တိုင်းကျ အားလပ်ချိန်ကို ကုန်ဆုံးလို့ရသည်။

အပန်းဖြေစခန်းမှနေ၍ ကလေးငယ်ပါသည့် မိသားစုများအတွက် သင့်လျော်သည့် လှုပ်ရှားမှုများကိုပါ အိုင်ဒီယာကောင်းကောင်းဖြင့် ပြင်ဆင်ပေးထားသည်။ ထိုအစီအစဥ်မှာ ကျိုးကြောင်းဆီလျော်မှုရှိသော်လည်း ရွှီကျားလဲ့အတွက်မှာမူ နှိပ်စက်ကလူပြုခံရသည့်အလားပင်။

အပန်းဖြေခရီးတခုတွင် ကလေးရှိခြင်းနှင့် မရှိခြင်းမှာ လုံးဝကို ကွဲပြားသည့် ကမ္ဘာနှစ်ခုနှင့်တူသည်။

ရွှီကျားလဲ့က အရှေ့တောင်အာရှ၏ ပူပြင်းသည့် နေအလောင်ခံကာ အိတ်ပေါင်းသောင်းခြောက်ထောင်နှင့် ဖခင်အိုကြီးကဲ့သို့ နန်ရီအား မျောက်လွှဲကျော်တွေကို လိုက်ပြနေရချိန်တွင် ဖုရှောင်ယွီနှင့် အခြားသူများကတော့ ​အပန်းဖြေစခန်းတွင် အနှိပ်လေး ခံလိုက်၊ ကော့တေးလေး သောက်လိုက်နှင့် အမိုးပွင့် ရေချိုးကန်တွင် ရေကူးနေကြသည်။ အနှီသူတွေသည် သူ့ထံသို့ပင် ပုံတွေပင် ပို့လာပေးလိုက်ကြသေး၏။

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now