(၈၉)

4.4K 598 35
                                    

Unicode

" ရွှီကျားလဲ့ "

ဝမ်းခေါ့က တိုးညင်းစွာ ခေါ်လာပြီး

" အသက်ရှင်နေထိုင်နေသမျှ ကာလပတ်လုံး ရွေးချယ်မှုတွေ လုပ်ကြရမှာပဲ၊ ရွေးချယ်မှုတိုင်း အမြဲတမ်း မှန်နေမယ်လို့လည်း ဘယ်သူမှ အာမမခံနိုင်ဘူး၊ ဒါပေမဲ့ အနည်းဆုံးတော့ လက်ရှိပစ္စုပ္ပန်မှာ လုပ်လိုက်တဲ့ ရွေးချယ်မှုက တမင်တကာ မှားချင်လို့ မှားရတာမှ မဟုတ်ပဲ၊ မင်း အသက်နှစ်ဆယ့်နှစ်မှာတုန်းက အချစ်ရဆုံးလူကို ရှာတွေ့ပြီလို့ ထင်ခဲ့တယ်၊ ဒါကြောင့်ပဲ မင်း လိုချင်တဲ့ မိသားစုကို ထူထောင်ပြီး ကျင်းချူနဲ့ အချစ်ရဆုံး ရင်သွေးလေးကို မွေးခဲ့တာပေါ့၊ နောက်ပိုင်း မင်း ကွာရှင်းလိုက်ရတာကလည်း ကျင်းချူဘက်ကနေစပြီး တောင်းဆိုခဲ့တာမို့လေ၊ ဒီလိုဆိုမှတော့ မင်းရဲ့အိမ်ထောင်ရေး လမ်းဆုံးကို ရောက်ပြီး ပြိုကွဲသွားတာက ပုံမှန်ပဲ မဟုတ်ဘူးလား၊ မဟုတ်မှ နန်ရီကို မွေးခဲ့တဲ့အတွက် မင်း နောင်တရနေတာတော့ မဟုတ်ဘူးမလား "

ရွှီကျားလဲ့က ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး

" နန်ရီက ငါ့ရဲ့ နတ်သားလေးပဲ၊ ဘယ်လိုလုပ်ပြီး နန်ရီကို မွေးခဲ့မိတဲ့အတွက် နောင်တရရမှာလဲ "

" ဒါဆို ရပြီလေ၊ အဲ့တော့ ကျန်တာက အပြစ်ရှိစိတ်လား၊ ကျင်းချူနဲ့ မင်းရဲ့ဆက်ဆံရေးမှာ ဘယ်တော့မှ ရေဆူမှတ်ကို မရောက်ခဲ့ဖူးပဲ ဖုရှောင်ယွီနဲ့ ရုတ်တရက်ကြီး ချစ်မိသွားတဲ့အတွက် မင်းကိုယ်မင်း အပြစ်ရှိသလို ခံစားနေရတယ်၊ အဲ့တာကြောင့်မို့ပဲ နန်ရီအတွက် စိတ်မကောင်းဖြစ်ရတယ်၊ ဟုတ်လား "

" ဟုတ်တယ် .. "

ရွှီကျားလဲ့က ကွဲအက်နေသည့် လေသံဖြင့်

" ဟိုးအစကတည်းက သူ့ကို ပြီးပြည့်စုံတဲ့ မိသားစု မပေးနိုင်ခဲ့ဘူး "

" ရွှီကျားလဲ့၊ မင်းပဲ ပြောခဲ့တယ်လေ၊ အနာဂတ်ကို ဘယ်သူမှ ခန့်မှန်းလို့ မရဘူးလို့ "

ဝမ်းခေါ့က

" အသက် သုံးဆယ်အရွယ်ကျမှ အသက်နှစ်ဆယ်တုန်းက ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး လျှောက်ခဲ့တဲ့ ခြေလှမ်းတိုင်းကို မှန်ကန်ခဲ့ရမှာဆိုပြီး တွေးနေတာလား၊ မင်းပဲ ပြောပါဦး၊ တကယ်ကော အဲ့လိုဖြစ်နိုင်မှာလားလို့ "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now