Unicode
"သရေစာ" ဟူသည့် စကားလုံးသုံးလုံးသည် သူ့အတွက် အဘယ်ကြောင့် အလွန်တရာဆွဲဆောင်နိုင်မှန်း ဖုရှောင်ယွီပင် နားမလည်နိုင်။ ကြည့်ရသည်မှာ ရွှီကျားလဲ့တွင် ထူးဆန်းသည့် အရည်အချင်းတွေ ရှိနေသလိုပင်။ ထိုသူနှင့် အတူရှိနေတိုင်း သူသည် အစားအသောက်နှင့် ပတ်သက်လာလျှင် အရင်ကထက် ပိုလောဘကြီးတတ်လာ၏။
ရွှီကျားလဲ့ စားနေသည့် အစားအစာတိုင်းက အရသာရှိမည်ထင်ရသည်။ ထိုဟာက မည်မျှ စားကောင်းကြောင်း သူ့နှုတ်က ရည်ညွှန်းချက် ကြားလိုက်ရရုံနှင့်တင် နားထောင်သူမှာ စားချင်စိတ်ယိုဖိတ်ကာ သွားရည်ကျလာသည်မျိုး။
လမ်းဘေး ချထားသည့် ပလတ်စတစ်စားပွဲငယ်လေးတွင် ထိုင်ပြီးနေပြီဖြစ်သော်ငြား ဖုရှောင်ယွီမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသည်။ ရွှီကျားလဲ့က စတိုးဆိုင်ထဲ ဝင်ပြီး ငါးအသားပြား သွားဝယ်သည်။ စတိုးဆိုင်၏ ကြည်လင်တောက်ပနေသည့် မှန်နံရံများကိုဖြတ်၍ ငါးအသားပြားနှင့် တခြားအမယ်တွေကို ခေါင်းငုံ့ကာ ဂရုတစိုက်ရွေးချယ်နေသည့် ရွှီကျားလဲ့ကို တွေ့မြင်နေရ၏။
ခဏအကြာတွင် ရွှီကျားလဲ့သည် လက်တဖက်တွင် အငွေ့ထောင်းထောင်း ထနေဆဲဖြစ်သည့် စက္ကူပန်းကန်လုံးကို ကိုင်ပြီး ထွက်လာသည်။
ဖုရှောင်ယွီ၏ မျက်လုံးများသည် ပန်းကန်လုံးနှစ်လုံးကို ယှဥ်ကြည့်နေရင်း သူ့ရှေ့ရှိ ပန်းကန်လုံးကမှ အမယ်တွေ ပိုများသလိုပဲဟူ၍ တွေးလိုက်မိသည်။ သူသည် စိတ်မထိန်းနိုင်တော့ဘဲ ရှေ့ကို တိုး၍ ကြည့်လိုက်မိသည်။ စက္ကူပန်းကန်လုံးထဲရှိ ပျစ်နှစ်နေသည့် ဟင်းရည်ထဲတွင် ငါးအသားပြား၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ရေညှိ၊ ငါးဥနှင့် ချိစ်ဝက်အူချောင်းတွေပါရှိနေသည်ကို တွေ့လိုက်ရ၏။
ဟင်းချို၏ မွှေးရနံ့သည် ရေနွေးငွေ့နှင့်အတူ လှိုက်တက်လာပြီး သူ့ မျက်နှာကိုပါ နွေးခနဲဖြစ်သွားစေသည်။ ဗိုက်ထဲက ဟာတာတာ ခံစားချက်ကြီးသည် ယခုတွင် အပြင်းအထန် ထကြွလို့လာလေပြီး ချက်ချင်းဆိုသလို ဆာလောင်လာသည်။

YOU ARE READING
ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}
RomanceTitle : ELA Author : ခရေဇီမီလွန်စကင်း Status : Completed (129 chapters + 26 extras) Pairing : ကွာရှင်းထားသည့် အဆိုးမြင်ဝါဒီ အယ်လ်ဖာ x အလုပ်ဂျိုး အိုမီဂါ