(၁၈)

5K 652 19
                                    

Unicode

" အေးနေလား "

ရွှီကျားလဲ့က မေးသည်။

" ငါတို့ ဘားဆီ ပြန်သွားပြီး ထိုင်ကြဦးမလား "

ဖုရှောင်ယွီက ခေါင်းခါပြသည်။ မအေးဘူးဟု ဆိုလိုသည်လား၊ ဘားဆီ မပြန်တော့ဘူးဟု ဆိုလိုသည်လား မသဲကွဲချေ။

ထိုအတိုင်း မလှုပ်မယှက် နေနေသည်ကို မြင်ရသည့်အခါ ရွှီကျားလဲ့မှာ မည်သို့မျှ မတတ်နိုင်တော့ဘဲ Bespoke သို့ ပြန်သွားပြီး သူတို့ ထားခဲ့သည့် အင်္ကျီတွေကို သွားပြန်ယူရသည်။ ထို့နောက် ဖုရှောင်ယွီကိုယ်ပေါ် လွှမ်းခြုံပေးလိုက်၏။

အလွန်သွယ်လျပြီး ရှည်လျားသည့် အရပ်အမောင်းကို ပိုင်ဆိုင်ထားသည့် အိုမီဂါသည် ထိုသို့ ကွေးကွေးလေး ထိုင်နေသည့်အခါ ဘောလုံးလေးလို လုံးသွားသည့် ပုံစံမှာ အနည်းငယ် ရယ်ရွှင်ဖွယ်ရာကောင်းနေသည်။ ဤသည်က ရှအန်းနှင့်တောင် သွားတူနေသေး၏။ ရှအန်း၏ အမွှေးမှာ ပွနေသဖြင့် အကောင်ကြီးကြီးမားမားဟု ထင်ရသော်လည်းများ ရေချိုးပေးသည့်အချိန်ကျခါမှ ထင်သလောက် အကောင် မကြီးမှန်း ထွက်လာသည်။

သို့တွေးမိသည့်အခါ ရွှီကျားလဲ့မှာ မပြုံးဘဲ မနေနိုင်တော့။ သူသည် ဖုရှောင်ယွီ နံဘေးတွင် ဆောင့်ကြောင့် ထိုင်ချလိုက်ပြီး နှစ်ယောက်သား ကောင်းကင်ထက်ဆီမှ ဝေ့ဝဲကျနေသည့် နှင်းမှုန်တွေကို ငေးကြည့်နေကြသည်။

" ချစ်စရာကောင်းအောင် လုပ်တဲ့နေရာမှာ အိုမီဂါတွေက အမြဲတော်ကြတာပဲလား "

ဖုရှောင်ယွီက စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် မေးလာသည်။

အရက်အရှိန်ကြောင့် သူ့ ဦးနှောက်က ထုံထိုင်းကာ အလုပ် သိပ်မလုပ်တော့။ ဒါကြောင့်ပင် ပုံမှန်အချိန်တွင် အလွယ်တူ ပြောထွက်မည် မဟုတ်သည့် စကားတို့က ရှောရှောရှူရှူ ထွက်ရှိလို့လာသည်။

သူ့ အမေးကို ကြားသည့်အခါ အယ်လ်ဖာက ရယ်နေပြန်သည်။ ထိုအသံ ခပ်ရှရှက သို့ကလို ရယ်လိုက်သည့်အခါ ပို၍ နားဝင်ပီယံရှိသွားသည်။

" ဖုရှောင်ယွီ၊ အိုမီဂါတွေ ချစ်စရာကောင်းအောင် လုပ်တာ အယ်လ်ဖာတွေ အတွက်လို့ပဲ ထင်နေလား၊ အဲ့လိုလုပ်တာကို သူတပါး စိတ်ကျေနပ်အောင် မျက်နှာချိုသွေးတယ်ဆိုတာနဲ့ ဆက်စပ်လိုက်ရင် ရှက်စရာကောင်းတဲ့ကိစ္စလို့ အလိုလို မှတ်ယူလိုက်မိမှာပဲ၊ ချစ်စရာကောင်းတဲ့ အပြုအမူက အားနည်းတဲ့ သဘောကို ပြတယ်၊ အမှီအခိုဖြစ်မှုကို ပြတယ်၊ ဒါကြောင့်ပဲ မင်း အဲ့လို မလုပ်ဖို့ တင်းခံနေတာ၊ ဟုတ်တယ်မလား "

ချစ်နတ်ဆိုးလေး ထွက်ပေါ်လာ {မိခင်ဘာသာသို့ ပြန်ဆို}Where stories live. Discover now